KNU တပ်မဟာ ၅ စခန်း အဆောက်အဉီများ ဗုံးကြဲမှုကြောင့် ပျက်စီး ဆိုတဲ့ သတင်းမှားဖြန့်

KNU တပ်မဟာ ၅ စခန်း အဆောက်အဉီများ ဗုံးကြဲမှုကြောင့် ပျက်စီး ဆိုတဲ့ သတင်းမှားဖြန့်

ကရင့်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ KNU၊ PDF တွေရဲ့ စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လိုက်တဲ့ အတွက် စခန်းအဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့ သတင်းအမှား ပို့စ်တစ်ခုကို နေ မင်း ဆိုတဲ့ Facebook အကောင့်ပိုင်ရှင် က ဒီဇင်ဘာလ ၂၀ ရက်နေ့က တင်ထားပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ပုံတွေကို အသုံးပြုပြီးတင်ထားပါတယ်။

နေ မင်း ဆိုသူက “တပ်မဟာ ၅ နယ်မြေ ၊မူတြော်ခရိုင်၊ဒွယ်လိုမြို့နယ်၊မဲဝိုင်အုပ်စု ၊ခေါဝါးရွာအနီးက KNU. PDF တို့ရဲ့ စခန်း ကိုဗုံးကျဲခံရမှုအခြေအနေကတော့မြင်တဲ့အတိုင်းဘဲ... နေမင်း သူရိန်” ဆိုပြီး (မူရင်းအရေးအသား အတိုင်း) ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ KNU တပ်မဟာ ၅ နယ် မြေ၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ပေမယ့် အဲဒီ နေရာဟာ KNU၊ PDF တွေရဲ့ တပ်စခန်းမဟုတ်ပဲ ဒေသခံရွာသားတွေရဲ့ နေအိမ်ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နေ မင်း ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးခဲ့တဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ ဖြစ်ပြီး အဲဒီဓာတ်ပုံတွေကို ကရင်ငြိမ်းချမ်းရေး အထောက်အ ကူပြုကွန်ရက် KPSN က ဒီဇင်ဘာလ ၁၉ ရက်နေ့က တင်ထားတာ ဖြစ်ပါတယ်။

KPSN တင်ထားတာကို ဒီမှာ https://bit.ly/3BNGejR ဝင်ကြည့်လို့ရပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဒေသခံရွာသားတွေရဲ့ နေအိမ်တွေကို KNU ၊  PDF တွေရဲ့ တပ်စခန်းပါဆိုပြီး နေ မင်း ဆိုသူက ရေးသားထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ်ထိခိုက်ပျက်စီး ခဲ့တယ်ဆိုတဲ့ အကြောင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းဌနတွေကလည်း သတင်းရေးသား ထုတ်လွှင့်ခဲ့ကြပါတယ်။

VOA သတင်းဌာန က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3YEnyNq ဝင်ဖတ်လို့ရသလို Mekong သတင်းဌာနက ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3YCxK9c ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ နေ မင်း ဆိုသူက မြေပြင်မှာ ဖြစ်ခဲ့တဲ့ အကြောင်း အရာ အချက်အလက်တွေနဲ့ သွေဖယ်ပြီး လိမ်ညာ ဝါဒဖြန့်ဖို့အတွက် ရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါ တယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...