ကျောက်ဖြူမြို့နယ်တွင် မိသားစုသုံးဦး ရေနစ်သေဆုံး

ကျောက်ဖြူမြို့နယ်တွင် မိသားစုသုံးဦး ရေနစ်သေဆုံး
ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာမှ ရေနစ်သေဆုံးသွားသည့် မိသားစုသုံးဦးကိုတွေ့ရစဉ်။
ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာမှ ရေနစ်သေဆုံးသွားသည့် မိသားစုသုံးဦးကိုတွေ့ရစဉ်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ရေနစ်သေဆုံးနေသည့် မိသားစုသုံးဦး၏ အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မိသားစုသုံးဦးမှာ မိခင်ဖြစ်သူ ဒေါ်မဖြူတင် ၃၈ နှစ်၊ သမီးကြီးဖြစ်သူ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူ  မစုမြတ်လှိုင်နှင့် သမီးငယ်ဖြစ်သူ အသက် ၃ နှစ်အရွယ် မစုမြတ်နှင်းတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့သုံးဦးမှာ ယနေ့ နံနက်ပိုင်းက ရွာအပြင်ချောင်းနံဘေးတွင်ရှိသည့် ဥယျာဉ်ခြံမြေအတွင်း ရေလောင်းရန်သွားစဉ် ချောင်းထဲသို့ ပြုတ်ကျကာ ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း ကုလားဘာကျေးရွာမှ ဦးကျော်လှထွန်းက ပြောသည်။

“အငယ်ဆုံးတစ်ယောက် အရင်ဆုံးချောင်းထဲကို ပြုတ်ကျသွားတယ်ထင်ပါတယ်။ အဲဒါကို သားမိနှစ်က ဝိုင်းကယ်ရင်း အခုလို သုံးဦးစလုံး ရေနစ်သေဆုံးသွားတယ်လို့ ယူဆရပါတယ်”ဟု ဦးကျော်လှထွန်းက ပြောသည်။

အဆိုပါ ရေနစ်သေဆုံးသွားသည့် မိသားစုသုံးဦးကို ယမန်နေ့တွင် ကျေးရွာရှိ သုသာန်၌  မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းကလည်း ကျောက်ဖြူ သမ္ဗာန်ချောင်းရပ်ကွက်မှ အသက် ၁၅ နှစ်အရွယ် မောင်ပိုင်စိုးမိုးနှင့် ညီဖြစ်သူ အသက် ၁၀ နှစ်ရွယ် မောင်စိုးမိုးတို့နှစ်ဦးမှာ ဖောင်တော်အနီး ရေဆင်းကူးကစားရာမှ ရေနစ်သေဆုံးသွားခဲ့သည်။

July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...
July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...