ရေးဘီလူးအဖွဲ့ က သွားရောက်ပစ်ခတ်၍ စစ်ကောင်စီ တပ်သား(၄)ဦးသေဆုံးပြီး (၃)ဦးပြင်းထန်ဒဏ်ရာရ

ရေးဘီလူးအဖွဲ့ က သွားရောက်ပစ်ခတ်၍ စစ်ကောင်စီ တပ်သား(၄)ဦးသေဆုံးပြီး (၃)ဦးပြင်းထန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၅၈၆)ကို ရေးဘီလူးအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား (၄)ဦးသေဆုံးပြီး (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်ကပြောသည်၊၊

ရေးမြို့နှင့် တစ်မိုင်အကွာတွင်ရှိသော စစ်ကောင်စီတပ် (ခလရ-၅၈၆)တပ်ရင်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ယနေ့ နေ့လည် ၁၁နာရီ ၄၉မိနစ် ဝန်းကျင်ခန့်တွင် ရေးဘီလူးအဖွဲ့က RPG လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ (၅၈၆)စစ်တပ်ကို ကျနော်တို့ရေးဘီလူးအဖွဲ့က RPG တွေသုံးပြီးတော့၊ဝင်ရောက်ပစ်ခတ်တယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့ ရံပြီးတော့ပစ်ခတ်တယ်။ ကျနော်တို့ပစ်လိုက်တဲ့ RPGက သူတို့ရဲ့ စစ်ဆေးရေး ဗန်ကာ ကိုကျတော့ သူတို့ဘက်က အကျအဆုံးများတယ်။(၄)ဦးကျတယ်၊(၃)ဦးက တော့ပြင်းထန်တဲ့ဒဏ်ရာ ရရှိသွား တယ်။’’ဟု ကေအိုင်စီသို့ပြောသည်။

ယခုလို ပစ်ခတ်မှုပြီးနောက် ရေးဘီလူးအဖွဲ့ဝင်များသည် အထိအခိုက်မရှိဘဲ မိမိတို့စခန်းချရာနေရာသို့ အောင်မြင် စွာပြန်လည် ဆုတ်ခွာလာနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်နိုဝင်ဘာလကလည်း ရဲစခန်းမှူးမောင်းနှင်လာသော ကားကို ရေးဘီလူးအဖွဲ့မှကြား ဖြတ်တိုက် ခိုက်ခဲ့သောကြောင့် လက်နက်ငယ်တစ်လက်နှင့်အတူ စခန်းမှူးအပါအဝင်စုစုပေါင်း သုံးဦး သေဆုံးခဲ့ ကြောင်းလည်း ရေးဘီလူးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...