စစ်ကောင်စီ လက်နက်ကြီးကြောင့် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန်

စစ်ကောင်စီ လက်နက်ကြီးကြောင့် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန်

ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် (၉၀)ကျော်အရွယ် အဘိုးတစ်ဦး လက်နက် ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများက ပြောသည်။

ယနေ့ကော့နွဲကျေးရွာအနီး ကျောက်စရစ်ကုန်းနေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက်(၉)နှစ်အရွယ် ကလေးငယ်နှင့် အသက် (၉၈)နှစ်အရွယ် အဘိုးတို့ မြေးအဖိုး နှစ်ဦးကို ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “မင်းအောင်လှိုင်တပ်ဖွဲ့တွေ ပြည်သူအတွက်ကြည့်မှာ မဟုတ်ဘူး။ သူတို့လုပ်ချင်တာ၊ ပစ်ချင်တာ ဘယ်သူ ထိထိဂရုစိုက်ဘူး။ အခုလည်း အမြဲပစ်နေလို့အဖေနဲ့မြေးထိသွားတယ်။ အဖေက အခု ၉၀ ကျော် ပြီး ဒီလိုဖြစ်တာ တော်တော်စိတ်မကောင်းဖြစ်တယ်။ အခုရွာမှာကျန်တဲ့ လူတွေအနည်းငယ်ကလည်း အိမ်အောက် ဗုံးခိုကျင်းမှာပဲ နေရတယ်”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ လက်နက်ကြီးထိမှန်မှုကြောင့် အဘိုးဖြစ်သူမှ လက်ဝဲဖက် ရင်ဘတ်ထိမှန်ခဲ့သလို မြေးဖြစ်သူ မှာ လည်း ညာဖက် မျက်နှာလက်နက်ကြီးစ ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ မြေးအဖိုးနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ထားရပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ဆေးရုံသို့ လိုက်ပါ ပို့ဆောင် ပေးသူ က ပြောသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုအခြေအနေနှင်ပတ်သက်၍ ကော့ကရိတ်မြို့ခံတစ်ဦးကလည်း “စစ်ကောင်စီတွေက လက်နက်ကြီးအမြဲတမ်းပစ်နေတယ်။ ဒီနေ့ ညနေ ၃ နာရီလောက်မှာ ကော့ကရိတ်ကနေကော့နွဲဘက်တက်သွားတယ်။ နောက်တော့ လက်နက်ကြီး သံကော၊ လက်နက်ငယ်သံကောအများကြီးကြားရတယ်။ စစ်ကောင်စီဘက်က အထိခိုက်များ မယ် ထင်တယ်။ စစ်ကားနှစ်စီးတက်သွားတယ်။ အလောင်းတွေသွားယူတာဖြစ်မယ်”ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်နေ့တွင်လည်း အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) ဌာနချုပ်အနီးရှိ ခြေလျင်တပ်ရင်း (ခလရ-၂၃၀-၂၃၁) တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်များ သည် ကော့ကရိတ် မြို့အနီး ကျေးရွာများတွင် လေယာဥ်များနှင့် လက်နက်ကြီးများအသုံးပြုကာ ပစ်ခတ် မှု အဆက်မပြတ်လုပ်ဆောင်ခဲ့သည်။ အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ညတွင် ကော့ကရိတ်မြို့နယ်၊ ရေလယ်ကုန်းကျေးရွာသားတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သေးသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...