မြဝတီမြို့ အိမ်ဆိုင်တစ်ဆိုင်၌ မီးလောင်မှုဖြစ်ပွား

မြဝတီမြို့ အိမ်ဆိုင်တစ်ဆိုင်၌ မီးလောင်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၁)တံတားအနီးတွင် ယနေ့ ဒီဇင် ဘာလ(၁၉)ရက် နံနက်(၉) နာရီ(၁၅)မိနစ်အချိန်၌ အိမ်ဆိုင်တစ်ဆိုင်တွင် မတော်တဆမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု မြဝတီမြို့ အလင်းသစ်လူမှုကယ်ဆယ်ရေးအသင်း (Rescue Myawaddy)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်း−မြန်မာနယ်စပ်၊ အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးရှိ အိမ်ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်တစ်ဦးသည် အိမ်နောက်ဖေးတွင် ဟင်းအိုးတည်ထားပြီး အိမ်ရှေ့၌ စျေးသွားရောင်းနေစဉ် မီးပေါ့ဆမှုဖြင့် အိမ်ဆိုင်တစ်ဆိုင်လုံး နာရီဝက်ကျော်ခန့် မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်မှုတစ်စုံတရာမရှိခဲ့ကြောင်း  အလင်းသစ်(Rescue Myawaddy) အသင်းမှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“(၄၅)မိနစ်ပဲမီးလောင်သွားတယ်။ လူအထိအခိုက်တော့မရှိဘူး။ (၉)နာရီ(၁၅)လောက်မှာစလောင်တယ်။ အနောက်မီးဖိုချောင်မှာ ဟင်းအိုးတည်နေရင်းနဲ့စလောင်တာ။ သူကဟင်းအိုးတည်ထားရင်းနဲ့ အရှေ့မှာ စျေးထွက် ရောင်းတော့ အနောက်က ဟင်းအိုးတည်ထားတဲ့မီးကနေပြီးတော့ တစ်အိမ်လုံးလောင်သွားတာ”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မီးလောင်မှုဖြစ်ပွားနေစဉ် မီးလောင်နေသည့်နေအိမ်ကို လာကြည့်သည့်် မြို့ခံတစ်ဦးမှ အတက် ရောဂါအခံရှိသည့််အတွက် ၎င်းဖြစ်စဉ်နေရာတွင် ရောဂါထဖောက်မှုဖြစ်ပွားခဲ့သေးသည်ဟု ထိုတာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် တန်ဘိုးကိုမသိရသလို နေအိမ်ပိုင်ရှင်ကိုလည်း သက်ဆိုင်ရာ ရဲများက သွားရောက်ဖမ်းဆီးအရေးယူခြင်းမပြုကြောင်းလည်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ(၁၆)ရက်နေ့တွင် အဆိုပါ  ထိုင်း – မြန်မာနယ်စပ် အမှတ်(၁) ချစ်ကြည် ရေး တံတားအနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီး ကား ၃ စီး မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့ကာ  လူနေအိမ်တချို့နှင့် မီးကြိုး များ ထိခိုက်ပျက်စီးသွားခဲ့သေးသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...