ပုဏ္ဏားကျွန်းမြို့နယ်က နုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး လစ်လပ်နေရာများတွင် အစားထိုးခန့်အပ်ရန် လူရှာ၍ မရသေး

ပုဏ္ဏားကျွန်းမြို့နယ်က နုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး လစ်လပ်နေရာများတွင် အစားထိုးခန့်အပ်ရန် လူရှာ၍ မရသေး

ပုဏ္ဏားကျွန်းမြို့နယ်တွင် တာဝန်မှနုတ်ထွက်သွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး လစ်လပ်နေရာများတွင် အစားထိုးခန့်အပ်ရန် မြို့နယ်အုပ် ချုပ်ရေးမှူးက အခုရက်ပိုင်းအတွင်း စီစဉ်နေသော်လည်း ဝင်ရောက်လုပ်ကိုင်လိုသူ မရှိဖြစ်နေ၍ အခက်တွေ့နေသည်ဟု သတင်းရရှိသည်။

နုတ်ထွက်သွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်က “ ဒီကိစ္စ ဝင်ရောက်လုပ်ကိုင်လိုသူ မရှိဘူးလို့ ကြားရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက လူရှာနေတယ်လို့ ကြားရတယ်။ ဟိုဘက်ဒီဘက် ညှိနှိုင်းလို့အဆင်မပြေနိုင်ဖြစ်နေတယ်။ စိတ်ဆန္ဒမရှိဘဲနဲ့လည်း စစ်ကောင်စီက ခန့်လို့လည်း အဆင်မပြေဘူးလေ။ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူမယ့်သူကလည်း မရှိဖြစ်နေတယ်လို့ ကြားရတယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၉၆) အုပ်စုရှိသည့်အနက်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၇၀) ကျော်သည် နိုဝင်ဘာလ (၁၅) ရက်နေ့ကတည်းက မိမိဆန္ဒအရ တာဝန်ထမ်းဆောင်လိုစိတ် မရှိဟုဆိုကာ နုတ်ထွက်သွားခဲ့ကြသည်။

၎င်းနောက်ပိုင်း လစ်လပ်ကျေးရွာအုပ်ချုပ်ရေးမှူးနေရာများကို အစားထိုးရန် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။

ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက “ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နှစ်ဖက် ညှပ်နေတယ်။ ပြီးရင် အေအေက အုပ်ချုပ်ရေးတွေ ချထားပြီ ဖြစ်တဲ့အတွက် အခုအချိန်မှာ လုပ်ရင်လည်း ဘာမှ မထူးဘူးလေ။ နာမည်ခံသဘောဘဲရှိ တာ။ အခုက ဘယ်သူမှ ဒီကြားထဲမှာမပါဝင်လိုဖြစ်နေကြတာ” ဟု ပြောသည်။

စစ်ကောင်စီအောက်တွက် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ရခိုင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကျေးရွာ အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူးကို သတင်းပို့ရခြင်း၊ စစ်တပ်များကျေးရွာအတွင်းသို့ ဝင်ရောက်လာလျှင် အဆင်မပြေလျှင် ဆဲဆို ရိုက်ပုတ်ခံရခြင်း၊ စစ်သားများအတွက် ရိက္ခာစု၊ ကြက်သတ်၊ ထမင်းချက် အဆင့်သာရှိနေပြီ တစ်စုံတစ်ရာပြဿနာဖြစ်လာလျှင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်စုံတစ်ရာ ဝင်ရောက် ဖြေရှင်းပေးနိုင်ခြင်းလည်း မရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောကြားသည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရက္ခိုင့်တပ်တော်နှင့် မြန်မာ စစ်တပ်တို့ တိုက်ပွဲများအပြင်းအထန် ဖြစ်ခဲ့ပြီးနောက် ရခိုင်ပြည်က ကျောက်တော်၊ မြောက်ဦး၊မြို့နယ်တချို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ အစု လိုက် အပြုံလိုက် နုတ်ထွက်ခဲ့ကြသည်။

များမကြာမီက ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၇၀) ကျော် နုတ်ထွက်ခဲ့သည်သာမက ယခုလ ဒီဇင်ဘာ (၁၆) ရက်ကလည်း ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၂၀) ကျော် နုတ်ထွက်စာတင်ခဲ့ကြသည်ဟု သိရသည်။

လက်ရှိအချိန်တွင် အေအေအုပ်ချုပ်ရေး ချထားသည့် ရခိုင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနေရာတွင် ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA /AA မှ တာဝန်ယူထားပြီး ရပ်ရေးရွာရေးကိစ္စများမှာ ပုံမှန် လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...