ညအချိန်မတော် ဒရုန်းယာဉ်(Drone)များ အနိမ့်ပိုင်းပျံသန်းမှုကြောင့် ပြည်သူများ စိုးရိမ်မှုမြင့်တက်

ညအချိန်မတော် ဒရုန်းယာဉ်(Drone)များ အနိမ့်ပိုင်းပျံသန်းမှုကြောင့် ပြည်သူများ စိုးရိမ်မှုမြင့်တက်

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ညအချိန်မတော် ဒရုန်းယာဉ်(Drone)များ အနိမ့်ပိုင်း ပျံသန်းမှုများကြောင့် ပြည်သူများအနေဖြင့် အိပ်မရဘဲ လုံခြုံရေးစိုးရိမ်မှုများရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

ဖားအံမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ညဘက်လူအိပ်ချိန်တွင် ဒရုန်း(Drone)များ နေ့စဉ်ဆက်တိုက် အဆက်မပြတ်ပျံ သန်းမှု များကြောင့် ထိတ်လန့်မှုများ ဖြစ်ပေါ်နေပြီး မိမိလုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေ ကြောင်း ကိုယ်တိုင်ကြုံတွေ့ ရသူ မြို့ခံ လူငယ်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “အရင်ကဒီလိုမျိုး အနိမ့်ပိုင်းပျံတာမတွေ့ဖူးဘူး။ လေယာဉ်တွေပြန်တာ လောက်ပဲတွေ့ဖူးတာ။ အခုက ညဘက်လူအိပ်ချိန်ကြီး၊၊ ပြီးတော့ အသံက ကျယ်တယ် နိမ့်နိမ့်ကလေးပဲ ဒရုန်းနဲ့ဗုံးပဲလာကြဲတာလား၊ လေယာဉ်နဲ့ပဲ ဗုံးလာကြဲတာလား အတွေးက အမျိုးမျိူးဝင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ရပ်ကွက်အတွင်းတွင်လည်း သက်ကြီးရွယ်အိုးများရှိသည့်အတွက် ဒရုန်းပျံ သန်းသည့် အသံကြောင့် ညဘက်အချိန် အိပ်မရတဲ့ အခက်အခဲများနှင့်လည်း ကြုံတွေ့နေရပြီး ဒရုန်းများ ပျံသန်းပြီးနောက်တွင်လည်း နံနက်ပိုင်းအချိန် ရဲ၊ စစ်သား နှင့် ယာဉ်ထိန်းရဲများကိုလည်း တွေ့ရတတ်ကြောင်း မြို့ခံများက ပြောသည်။

“အိမ်မှာက လူကြီးတွေများတယ်လေ။ ဘေးအိမ်တွေမှာကောက အသက်ကြီးတဲ့ အဖိုး၊ အဖွားအရွယ်တွေကြီးပဲ။ ညဘက်ဆိုစောစော အိပ်တာဆိုတော့၊ အဲ့အသံကြားတော့ သူတို့ကထထိုင်ပြီး ပြန်အိပ်လို့ မရတော့ဘူး။ သူတို့အတွက် အခက်အခဲတွေရှိ တာပေါ့။ အဲ့လိုတွေပျံပြီးလို့ မနက်ကျဈေးသွားရင်လမ်းမှာ ရဲတွေ စစ်သားတွေ မော်တော်ပီကယ်တွေကို လမ်းထိပ်မှာ တွေ့ရတယ်”ဟု နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်၊၊

ထို့အပြင် ဖားအံမြို့အတွင်း ညအချိန်မတော်ဒရုန်းယာဉ်များ ပျံသန်းပြီး မြို့အတွင်းတွင်လည်း ရဲနှင့် စစ်ကောင်စီ စစ်သားများပူးပေါင်းကာ စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မြို့တွင်းသွားလာ သူများနှင့် ခရီးသွားလည်ပတ်သူများမှာ ယခင်ကထက် တစ်နေ့ထက်တစ်နေ့ တိုးလာကြောင်း ဒေသတွင်းသတင်း အရင်းအမြစ် များထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဖားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း စေတနာရေသန့်စက်ရုံဘေးရှိ စစ်ကောင်စီတပ်၏ တပ်မ(၂၂) လက် အောက်ခံ၊ ခြေမြန်တပ်ရင်း (ခမရ-၁၀၂) တပ်ထဲပေါ်တွင် ဒရုန်းတစ်စင်းပျံသန်းသည်ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်အချက်ရေ (၁၀)ချက်ခန့်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...