ရခိုင်အနောက်ဘက်နယ်စပ်မောင်တောမြို့နယ်တွင် သူခိုးများကဓားဖြင့်ခုတ်၍နွားခြံစောင့် ၂ ဦးကို ဆေးရုံတင်ထားရ

ရခိုင်အနောက်ဘက်နယ်စပ်မောင်တောမြို့နယ်တွင် သူခိုးများကဓားဖြင့်ခုတ်၍နွားခြံစောင့် ၂ ဦးကို ဆေးရုံတင်ထားရ

ရခိုင်အနောက်ဘက်နယ်စပ်မောင်တောမြို့နယ်တောင်ပိုင်းမောရဝတီကျေးရွာတွင်ယမန်နေ့က နွားသူခိုးများကဓားဖြင့်ခုတ်၍နွားခြံစောင့်၂ ဦး၌ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သဖြင့် ဆေးရုံတင်ထားရကြောင်းသိရသည်။

ပြင်းထန်ဒဏ်ရာရသွားသူများမှာမောင်တောမြို့နယ်ပန်းတောပြင်ကျေးရွာမှဒီလ်မာမောက်(၃၅)နှစ်နှင့်မောရဝတီကျေးရွာမှဦးမဲဒုတ်(၆၀)နှစ်ခန့်တို့ဖြစ်သည်။

သူတို့နှစ်ဦးမှာမောရဝတီကျေးရွာရှိနွားခြံတစ်ခုတွင်အလုပ်လုပ်နေသူများဖြစ်ကြပြီးယနေ့ဒီဇင်ဘာလ၁၆ရက်နံနက်အစောကြီးညဥ့်၁နာရီကျော်တွင်ယင်းနွားခြံသို့နွားလာခိုးသူများကဓားဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဒေသခံများကပြောသည်။

ပန်းတောပြင်ရွာသားတစ်ဦးက"ဒဏ်ရာကတော့ပြင်းလို့သူတို့ကိုမောင်တောဆေးရုံကိုပို့ထားရတယ်။ဒဏ်ရာကပြင်းတယ်။ ဘယ်လို အနေအထားရှိနေတယ်ဆိုတာတော့ မသိရသေးဘူး"ဟုပြောသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့သည့်မောရဝတီကျေးရွာမှအုပ်ချုပ်ရေးမှူးဦးလှထွန်းဦးကလည်းနွားသူခိုးများထံနွားခြံစောင့်၂ဦးဓားခုတ်ခံရသည်မှာဟုတ်မှန်ပြီးသူဆေးရုံတွင်အလုပ်များနေသည့်အတွက်အသေးစိတ်မပြောနိုင်သေးဟုပြောသည်။

အဆိုပါနွားခြံတွင်ယခင်ကအစောင့်များမရှိ၍နွားအချို့ပျောက်ဖူးသည့်အတွက်ယခုကဲ့သို့ခြံစောင့်များထားကာစောင့်ခိုင်းထားရချိန်နွားသူခိုးများ၏တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်ဟုလည်းဒေသခံများကပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာလခန့်ကလည်းမောင်တောမြို့နယ်မောရဝတီကျေးရွာ၊အလယ်သံကျော်၊သရီကုန်ဘောင်နှင့်ဥဒေါင်းကျေးရွာတို့မှနွားကောင်ရေ၁၀ကျော်အခိုးခံလိုက်ရသည်ဟုသိရသည်။

မောင်တောတွင်နွားသူခိုးများသောင်းကျန်းနေပြီးခိုးယူရရှိသည့်နွား များကိုတဘက်ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့လှေများဖြင့်တရားမဝင်ခိုးယူရောင်းချမှုများရှိနေသည်ကိုသက်ဆိုင်ရာဒေသအာဏာပိုင်များကိုတိုင်တန်းကြသော်လည်းဖော်ထုတ်အရေးယူပေးခြင်းမျိုးမရှိဟုဒေသခံများကပြောသည်။

မောင်တောမြို့နယ်တောင်ပိုင်းမောင်တောအငူမော်လမ်းတစ်လျှောက်ရှိ ဝေသာလီ၊ရွှေရင်အေး၊ ဗောဓိကုန်း၊ခရေမြိုင်၊ကင်းချောင်း၊သရီကုန်ဘောင်၊ရွှေဗဟို၊ကိုင်းကြီး၊မောရဝတီ၊ဥဒေါင်းနှင့်အင်းဒင်စသည့်ကျေးရွာများသည်နွားမွေးမြူရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသည်ဟုဒေသခံများကပြောသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...