KNLA ဗဟိုဆေးဌာနမှ ဆေးတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံမွေးထုတ်ပေး

KNLA ဗဟိုဆေးဌာနမှ ဆေးတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံမွေးထုတ်ပေး

ကရင်အမျိုးသားလွတ်မြောက်တပ်မတော်-KNLA ဗဟိုဆေးဌာနက ဖွင့်လှစ်ခဲ့သည့် (၃၅) ကြိမ်မြောက် အခြေခံဆေးသင်တန်းနှင့် ပထမဦးဆုံးအကြိမ် ဆေးကျောင်းသား (Medic) သင်တန်းမှ ဆေးတပ်ဖွဲ့ဝင်  ၁၁၂ ဦး သင်ကြားပို့ချကာ ယနေ့သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့သည်။

(၃၅) ကြိမ်မြောက် ဖွင့်လှစ်ပေးခဲ့သည့် အခြေခံဆေးသင်တန်းတွင် KNU-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအသီးသီးမှ ကိုယ်စားပြုတက်ရောက်သော သင်တန်းသားများ၊ တခြားမဟာမိတ်တိုင်းရင်းသားများ ပါဝင်သော သင်တန်းသား ၆၅ ဦး နှင့် ပထမဆုံး အကြိမ်ပြုလုပ်သည့် Medic သင်တန်းမှ သင်တန်းသူ၊ သင်တန်းသား ၄၇ဦးကို  KNLA ဌာနချုပ်တွင်သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

KNLA ဆေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်စေးဒေးကဲက “အခြေခံဆေးသင်တန်းလုပ်တာက ၃၅ ကြိမ်ရှိနေပြီး။ Medic သင်တန်းကတော့ ဒီတစ်ကြိမ် ပထမဆုံး စလုပ်ဖြစ်တယ်။ အ‌ခြေခံ‌ဆေးသင်တန်းဖြစ်ဖြစ် Medic Training သင်တန်းဖြစ်ဖြစ် ကူညီထောက်ပံ့မှုလမ်းကြောင်းရှာပြီး နောက်ဆက်ဖွင့်ဖို့ သင်တန်း အစီအစဉ်အမြဲတမ်းရှိတယ်။ လူငယ်တွေကြိုးစားပြီး အနာဂတ်မှာ ကျန်းမာရေးပိုမိုကောင်းမွန်ဖို့ ပြည်သူတွေ၊ ရဲဘော်တွေအသေအပျောက်တွေနည်းသွားဖို့၊ ကျနော်တို့လူမျိုးနဲ့တိုင်းပြည်အတွက် အကျိုးရှိဖို့ အမြဲတမ်းစီစဉ်လုပ်ဆောင်သွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့သင်တန်းဆင်းပွဲသို့ KNLA ဗဟို ဌာနချုပ်မှ စစ်ဘက်ဆိုင်ရာအရာရှိများ၊ သင်တန်းဆရာများ ပါဝင်တက်ရောက်ခဲ့ပြီး အားပေးတိုက်တွန်းစကားများ ပြောဆိုပေးခဲ့သလို သင်တန်းဆင်း အသိအမှတ်ပြုလက်မှတ်များကိုလည်းပေးအပ်ခဲ့ပြီး သင်တန်းအောင်မြင်သူများအနေဖြင့် မိမိသက်ဆိုင်ရာ နယ်မြေဒေသများသို့ ပြန်လည်၍ ကျန်းမာရေး ဝန်ဆောင်မှုများ ပေးအပ်သွားရမည်ဖြစ်သည်။

Medic Training အောင်မြင်သွားသူ နော်နေသာကော်‌ကဲ“ကျမတို့လူမျိုးတွေ ရောဂါကာကွယ်ကုသရေးမှာ လိုအပ်ချက်တွေ အမြဲရှိတယ်။ ဒီ Medic Training တက်ပြီး ရင်တော့ ပိုမိုကောင်းမွန်တဲ့ ကုသရေးမှာလုပ်နိုင်မယ်။ ကျမတို့အကူ အညီကိုလိုအပ်တဲ့ပြည်သူတွေ ကူညီပြီးကာကွယ်ကုသပေးဖို့ Medic သင်တန်းကို ဆက်တက်ဖြစ်ခဲ့တာလည်းပါတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည် (၃၄)ကြိမ်မြောက် သင်တန်းတွင် ကရင်နှင့်အခြားတိုင်းရင်း သားမဟာမိတ်အဖွဲ့များမှ သင်တန်းသူ သင်တန်းသား ၁၁၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း သင်တန်းသူ၊ သင်တန်းသား ၁၁၂ ဦး မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...