စစ်ကောင်စီ ကျင်းပသည့် (၄၈) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်တေးဂီတဖျော်ဖြေပွဲကို လူပေါင်းထောင်နှင့်ချီ တက်ရောက်အားပေး

စစ်ကောင်စီ ကျင်းပသည့် (၄၈) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်တေးဂီတဖျော်ဖြေပွဲကို လူပေါင်းထောင်နှင့်ချီ တက်ရောက်အားပေး
ယနေ့ ည စစ်တွေတွင် ကျင်းပနေသည့် စစ်ကောင်စီ ပြည်နယ်နေ့ မြင်ကွင်း
ယနေ့ ည စစ်တွေတွင် ကျင်းပနေသည့် စစ်ကောင်စီ ပြည်နယ်နေ့ မြင်ကွင်း

စစ်တွေမြို့တွင် စစ်ကောင်စီက ကျင်းပသည့် (၄၈) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်နေ့တွင် ထည့်သွင်းကျင်းပသည် စင်တင် တေးဂီတဖျော်ဖြေပွဲကို လူပေါင်းထောင်နှင့်ချီလာရောက်အားပေးကြောင်း သိရသည်။

၎င်းဂီတ ဖြေဖျော်ပွဲကို စစ်တွေမြို့ ဝေသာလီကွင်းတွင် ယနေ့ ညတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီကျင်းပသည့် တေးဂီတဖျော်ဖြေပွဲကို သွားရောက်နေကြသည့် ဒေသခံများနှင့် ပတ်သက်ပြီး ဒေသခံလူငယ်တစ်ဦးက ယခုလို ဝေဖန်ပြောသည်။

"စစ်ကောင်စီသတ်လို့သေသွားတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးတောင်မခြောက်သေးဘူး။ အခုစစ်ကောင်စီရဲ့ဟန်ပြလုပ်ပေးတဲ့ ပျော်ပွဲရွှင်ပွဲမှာ သွားပျော်နေကြတာကို မြင်ရတော့ တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းပါတယ်" ဟုပြောသည်။

စစ်ကောင်စီ၏ တေးဂီတဖျော်ဖြေပွဲတွင် ရခိုင်နာမည်ကြီးတေးသံရှင် ၁၀ ဦးထက်မနည်း ဖျော်ဖြေမှု ပြုလုပ်ခဲ့သည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

“ ဘယ်သူတွေ ပါဝင် ဖြေဖျော်တယ်ဆိုတာ ကျွန်တော်တို့ ပွဲကို မသွားတဲ့ အတွက် မသိနိုင်ဘူး။ မနက်ဖြန်ဆိုရင် တော့ သိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ၄၈ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်တဝန်းက မြို့အချို့တွင် ပျော်ပွဲရွှင်ပွဲများပြုလုပ် ကျင်းပနေသည်ဟု သိရသည်။

July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...