(Breaking) ကော့ကရိတ်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ

(Breaking) ကော့ကရိတ်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ(၁၆)ရက်နေ့ မနက်ပိုင်းကစပြီး မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်က စစ်ကောင်စီရဲ့ တံတားကျိုးစစ်ဆေးရေးဂိတ်နဲ့ ဆိပ်ဖူးကုန်းကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီထိတွေ့တိုက်ပွဲကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်က တံတားကျိုးစစ်ဆေးရေးဂိတ်ကို လတ်တလောမှာ ပိတ်ထားခဲ့ရပြီး ကားတန်းတွေလည်း အများအပြားပိတ်မိခဲ့ကာ ခရီးသွားပြည်သူတွေလည်း ပိတ်မိခဲ့တယ်လို့ ခရီးသွားလာနေသူတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ကနဦးပြောကြားချက်အရ စစ်ကောင်စီရဲ့ တံတားကျိုးစစ်ဆေးရေးဂိတ်နဲ့ ဂိတ်အနားမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်း(၂၃၁)တပ်ကို တော်လှန်ရေးတပ်ပေါင်းစုက လာရောက်ပစ်ခတ်ခဲ့ရာကနေ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေသလို လေယာဉ်တွေလည်း ရောက်လာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...