စစ်ကောင်စီတပ် လက်နက်များတင်ဆောင်လာသည့် ရထားတွဲမိုင်းဆွဲခံမှုတွင် စစ်သား ၂၄ ဦးသေဆုံးခဲ့ဟု KNU ပြော

စစ်ကောင်စီတပ် လက်နက်များတင်ဆောင်လာသည့် ရထားတွဲမိုင်းဆွဲခံမှုတွင် စစ်သား ၂၄ ဦးသေဆုံးခဲ့ဟု KNU ပြော

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကလိကျွန်းကျေးရွာနှင့် ကမိုင်ချိုင်ကျေးရွာအကြားတွင် ဒီဇင်ဘာလ (၁၃)ရက် နေ့ ည(၆)နာရီခွဲ အချိန်တွင် သထုံဘက်မှ ဘီးလင်းဘက်သို့ လက်နက်ခဲယမ်းများ တင် ဆောင်လာသည့် စစ်ကောင်စီ၏ ကုန်တင်ရထားတွဲ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရမှုတွင် ရထားပေါ်၌  လုံခြုံရေး လိုက်ပါလာသည့် စစ်ကောင်စီတပ်သား(၂၄)ဦး သေဆုံးသွားခဲ့သည်ဟု ကရင်အမျိုး သားအစည်းအရုံး-KNU၊ တပ်မဟာ(၁)ဘက်က အတည်ပြုပြောသည်။

သထုံ−ဘီလင်း ရထားလမ်းပေါ်တွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းတင်ဆောင်လာသည့် ရထားတစ်စင်းကို KNU တပ်မဟာ (၁) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မ တော် -KNLA တပ်ဖွဲ့ဝင်(၂)ဦးက မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ရထားလမ်းနှင့် အတွဲ(၄)တွဲ ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးသွားသည့် အလောင်းများကို ဖြစ်စဉ်ဖြစ်သည့် ညတွင်းပင် သယ်ဆောင်သွားသည်ဟု KNU တပ်မဟာ(၁)၏ စစ်ရေးအရာရှိတစ်ဦးက ယခုလို ပြောသည်။

“စစ်တပ်ဘက်ကပြောတာတော့ ခရီးသည်မီးရထားပေါ့။ အဲ့ဒီရထားထဲမှာ လက်နက်ခဲယမ်းတွေ အ များကြီးပါတယ်။ သတင်းရတာကတော့ သေတာ ၂၄ ယောက်ပေါ့နော်။ ရထားမှာပါလာတာက လည်း အယောက်(၃၀)ပဲ ပါလာတယ်။ ရထားအတွဲကတော့ ၄ တွဲပျက်စီးသွားတယ်။ ရထားလမ်း လည်းပျက်စီးတာရှိတယ်။ ဒါပေမဲ့ အရပ်သားတွေတစ်ယောက်မှ မထိဘူး။ ထိတာက စစ်သားတွေပဲ။ ဖြစ်တဲ့ညပဲသူတို့သေတဲ့အလောင်းတွေကို သယ်ထုတ်သွားတယ်။ မနက်မိုးလင်းမှ ဖြစ်တဲ့နေရာမှာ ဓာတ်ပုံတွေဘာတွေပြန်လာရိုက်တာ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဘက်မှ မိုင်းဆွဲခံထိကာ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ ဘက်က တစ်စုံတရာသတင်း ထုတ်ပြန်ခြင်းမရှိသော်လည်း မြန်မာ့မီးရထား ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင်မူ ကျောက်တွဲရထား မိုင်းဆွဲခံထိခြင်းသာဖြစ်ကြောင်းနှင့် ရထားလမ်းပျက်စီးမှုများရှိ၍ ရန်ကုန်-မော်လမြိုင် ခရီးစဉ်များကို ဖျက်သိမ်းလိုက်ကြောင်း ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ စစ်ကောင်စီဘက်က ရန်ကုန်-ဖားအံ-မော်လမြိုင် အမြန်လမ်းမများကို အသုံးပြု၍ လူအင် အားလက်နက်အင်အားများ ဖြည့်တင်းရာတွင် ကေအဲန်ယူ တပ်မဟာ (၁) ဘက်မှ ခြုံခိုတိုက်ခိုက် မှုများ မကြာခဏပြုလုပ်သောကြောင့် အဆိုပါ အဝေးပြေး လမ်းမအသုံးပြုခြင်းကို စစ်ကောင်စီ ဘက်မှ သတိထားအသုံးပြုလာသလို အရပ်သားကားများကို အသုံးပြု၍ ဖြတ်သန်းသွား လာမှုများကိုလည်း လုပ်ဆောင်နေကြသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...