ရခိုင် မြောက်ဦးတွင် ညအချိန် ခိုး၊ဆိုး၊ လုယက်မှုများဖြစ်ပေါ်နေ၍ မြို့ခံများစိုးရိမ်ကြောက်လန့်နေရ

ရခိုင် မြောက်ဦးတွင် ညအချိန် ခိုး၊ဆိုး၊ လုယက်မှုများဖြစ်ပေါ်နေ၍ မြို့ခံများစိုးရိမ်ကြောက်လန့်နေရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဥပဒေစိုးမိုးမှုအားနည်းလာပြီး ခိုးမှု၊ဖောက်ထွင်းမှု၊ လုယက်မှု နှင့် အုပ်စုဖွဲ့ဓားပြတိုက်သည့် ဖြစ်စဉ်များ တစ်နေ့ထက်တစ်နေ့ များပြားလာနေသဖြင့် မြို့ခံများအနေဖြင့် စိုးရိမ်နေနေရသည်ဟု ပြောသည်။ယမန်နေ့ ဒီဇင်ဘာလ ၁၄ရက်နေ့၊ ညအချိန်ကလည်းမြောက်ဦးမြို့၊ ရွှေဂူတောင်ခွဆုံရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ၊ ဖုန်း ၃လုံး၊ ငွေကျပ် ၃သိန်းကို အုပ်စုဖွဲ့ခိုးယူမှုဖြစ်ပွားခဲ့သည်ဟုသိရသည်။

"ဒီဇင်ဘာ ၁၄ရက်နေ့၊ ညအချိန်ကလည်း ရွှေဂူတောင်ခွဆုံက နေအိမ်ကနေ ဖုန်း ၃လုံးနဲ့ ၊ ငွေကျပ် ၃သိန်းခိုးခံလိုက်ရတယ်။ ခိုးတဲ့လူကိုမြင်တယ်။ ဘာမှမပြောရဲကြဘူး။ ပိုင်ရှင်တွေကို ခြိမ်းခြောက် ရန်ရှာတာတွေရှိတယ်။ လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓား၊ တုတ်၊ ဂျင်ဂလီတွေနဲ့ အုပ်စုလိုက် လက်နက်တွေနဲ့ဆိုတော့ စိုးရိမ်နေကြရတယ်။ ဘာမှပြန်မလုပ်ရဲကြဘူး" ဟု မြို့ခံတစ်ဦးကပြောသည်။

မြောက်ဦးတွင် ညအချိန်ရောက်လျှင် လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့်  ညမထွက်ရအမိန့်တို့ကို့ အခွင့်ကောင်းယူပြီး မှောင်ရိပ်ခိုကာ ခိုးမှု၊ ဖောက်ထွင်းမှုများ နေ့တိုင်းလိုလို သူခိုးများက အုပ်စုလိုက် ပြုလုပ်နေကြကြောင်း၊ အချို့သူခိုးများသည် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ အိမ်ထဲထိ ပေါ်တင် ဝင်ရောက်ကာ ခိုးယူမှုများ၊ ကားများမှ ဘက်ထရီအိုးများကို ဖြုတ်ပြီး ခိုးယူမှုများ ဖြစ်ပေါ်နေသည်ဟုဆိုသည်။"အခုက လျှပ်စစ်မီးကပုံမမှန်ဘူး။ ညအချိန်ရောက်ပြီဆိုပြတ်တောက်သွားပြီ။ ညမထွက်ရ အမိန့်ကလည်းရှိနေဆဲဆိုတော့ နေဝင်ပြီဆိုဘယ်သူမှအပြင်မထွက်ကြတော့ဘူး။ ဒါကို အခွင့်ကောင်းယူပြီးတော့ ညအချိန်ဆိုမှောင်ရိပ်ခို ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုတွေ နေ့တိုင်းလိုလိုဖြစ်နေတယ်။ ညဥ့်အချိန်ဆို မီးရှိရင်တော့ မီးထွန်းပြီနေနေလို့ရတယ်။ အခုက မီးမရှိပဲ ကိုယ်နေတဲ့အိမ်ကို လုံလုံခြုံခြုံ ဖြစ်အောင်တော့စောင့်ရှောက်ရတယ်" ဟု မြို့ခံတစ်ဦးကပြောသည်။

မြောက်ဦးမြို့တွင်လက်ရှိအခြေအနေသည် အေအေကလည်း အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို မြို့ပေါ်ထိတာဝန် မယူနိုင်သေးသလို စစ်ကောင်စီကလည်း  လုံခြုံမှုအပြည့်အ၀ မပေးနိုင်သဖြင့် ၎င်းအခြေအနေကြားထဲတွင် ခိုးဆိုး လုယက်မှုများဖြစ်ပေါ်နေခြင်းဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။ကြားကာလ အာဏာသက်ရောက်မှု၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် အတူ  အလုပ်အကိုင်ကျပ်တည်းမှု၊ ငွေကြေးဖောင်းပွမှု၊ ဆင်းရဲမွဲတည်မှုနှင့် တိုင်းပြည်မတည်ငြိမ်မှုများ ရှိနေသည့် အပေါ် အခွင့်ကောင်းယူကာ ခိုးဆိုးလုယက်မှုများကို ကျူးလွန်နေကြသည်ဟု ဆိုသည်။  

“ အခုက ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် ကိုယ်တို့အိမ်ကို ကိုယ်တို့ ကိုယ်တိုင် ကာကွယ်နေရတယ်။ သတိလစ်တာနဲ့ အခိုးခံရနိုင်တယ်။ ရန်ပြုခံရတယ်။ ဒါကြောင့်မြို့ပေါ်နေ ပြည်သူတွေအနေနဲ့ နည်းလမ်းတွေရှာပြီး  သတိဝိရိယနဲ့ ဒီပြဿနာကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာ အဖြေရှာဖို့ လိုအပ်နေပါတယ်” ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်းမြောက်ဦးမြို့တွင် ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများ ဖြစ်စဉ်များနေ့စဥ်၊ ရက်ဆက်ဆိုသလိုဖြစ်ပွားခဲ့သော်လည်း  အေအေကတာဝန်ယူဝင်ထိန်းပေးခဲ့၍ ငြိမ်သက်သွားခဲ့ပြီး အခုတစ်ဖန် ခိုးဆိုးလုယက်မှုများ ပြန်ပေါ်လာသည်ဟု  မြို့ခံများမှ တစ်ဆင့်သိရသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...