ဘီးလင်းမြို့နယ်က အုပ်ချုပ်ရေးမှူးရုံး ၂ ရုံး ဗုံးခွဲသတိပေးခံရ

ဘီးလင်းမြို့နယ်က အုပ်ချုပ်ရေးမှူးရုံး ၂ ရုံး ဗုံးခွဲသတိပေးခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သောင်ကြီးကျေးရွာနဲ့ ပေါက်တောကျေးရွာက အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို သတိပေးတဲ့အနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ နာရီ ည ၉ နာရီလောက်မှာ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးရုံးတွေကို ဗုံးခွဲသတိပေးရတာဟာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် လက်မခံနိုင်ကြောင်းနဲ့ ဘီးလင်းမြို့နယ်ထဲမှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေ မရှိစေချင်တဲ့အတွက် လုပ် ဆောင်ရတာလို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီနေ့ ည ၇ နာရီအချိန်လောက်မှာ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ဘီးလင်းတိုးဂိတ်ဟောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် မြေပြင်အခြေအ နေ အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးထားတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...