စစ်ကောင်စီကမဖမ်းပါဟု ငြင်းဆိုထားသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင်နှင့် အဖော်ဖြစ်သူတို့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ၂ လကျော်အကြာမှ အမှုဖွင့်

စစ်ကောင်စီကမဖမ်းပါဟု ငြင်းဆိုထားသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင်နှင့် အဖော်ဖြစ်သူတို့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ၂ လကျော်အကြာမှ အမှုဖွင့်

စစ်ကောင်စီက မဖမ်းပါဟု ငြင်းဆိုထားသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာမှ ဆန်စက်ပိုင်ရှင်နှင့် အဖော်ဖြစ်သူတို့ ၂ လကျော်ကြာပြီးမှ မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြင့် အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့နှစ်ဦးမှာ ကျောက်တော်မြို့နယ်၊ ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း(၄၃)နှင့် အပေါက်ဝကျေးရွာမှ မောင်ချေ(ခ) ဦးမောင်သာစိုး(၃၉)တို့ ဖြစ်ကြသည်။ ၎င်းတို့ နှစ်ဦးကို အောက်တိုဘာ (၂) ရက် ညနေ ၅ နာရီခွဲတွင် ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက်(၅၃၉)တပ်ရင်း၊ တပ်ရင်းမှူးက တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ပြီး ဖမ်းဆီးခဲ့သည်။

၎င်းနောက်ပိုင်း ဦးလှမောင်သန်း၏ ဇနီးဖြစ်သူက ဒေါ်လှအေးဆန်းက သူမ၏ ယောက်ျားဖြစ်သူ ပျောက်ဆုံးနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သဖြင့် နိရဉ္စရာသတင်းဌာန အပါအဝင် သတင်းဌာနများက သတင်းရေးသား ဖော်ပြခဲ့သော်လည်း စစ်ကောင်စီဘက်က သူတို့ကို ဖမ်းဆီးခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

ဦးလှမောင်သန်း၏ဇနီးဒေါ်လှအေးဆန်းက " အခု ကျွန်မယောကျ်ားကို လက်ရှိ စစ်တွေ၊ အမှတ်(၁)မှာ ချုပ်ထားပါတယ်။ ၁၇(၁) နဲ့အမှုဖွင့်တယ်လို့ ပြောပါတယ်။ ဒီဇင်ဘာလ (၆) ရက်နေ့ ရုံးမှာ ရမန်ယူတဲ့နေ့ကတော့ ခဏလေးတွေ့ခွင့်ရလိုက်ပါတယ်"ဟု ပြောသည်။

လက်ရှိတွင် သူတို့ကို ဖမ်းဆီးခံရပြီး ၂ လကျော်ကြာ ပြီးနောက် ဒီဇင်ဘာ (၆) ရက်နေ့က စစ်တွေ တရားရုံးတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမူဖွင့်ကာချုပ်ရက် ရမန်ယူခဲ့ရခြင်းဖြစ်သည်။

ယခုကဲ့သို့ မိသားစုကို အသိမပေးသည်သာမက ဖမ်းဆီးထားခြင်း မရှိဟု လိမ်လည် ငြင်းဆိုခဲ့သည့် အပေါ်တွင်လည်း စိတ်မကောင်း ဖြစ် မတရားဖမ်းဆီး အမှုဖွင့်ခံရသည့် အတွက် စိတ်မကောင်းဖြစ်ရကြောင်း ၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်း သူမက ဆက်ပြောသည်။

"သူတို့က မတရားသဖြင့်ခေါ်ပြီး ဖမ်းထားကြတာပါ။ ဘာအပြစ်မှမရှိလို့ တက်နိုင်ရင်တော့ လွတ်အောင် လုပ်ပေးစေချင်ပါတယ်။ ဒီဇင်ဘာလ (၁၉) ရက်မှာလည်း ရုံးချိန်းထားသေးတယ်" ဟု ပြောသည်။

အောက်တိုဘာ (၂) ရက် ညနေ ၅ နာရီခွဲတွင် ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက်(၅၃၉) တပ်ရင်း တပ်ရင်းမှူးက တွေ့ဆုံး ဆွေးနွေးစရာရှိသည်ဟု ဆိုကာ ဦးလှမောင်သန်းကို ဖုန်းဆက်ခေါ်သဖြင့် အဖော်ဖြစ်သူ မောင်ချေ(ခ) ဦးမောင်သာစိုးနှင့် အတူသွားစဉ် ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...