ပျူစောထီးခေါင်းဆောင်ထံ လက်ပစ်ဗုံးတစ်ပုံးဖမ်းမိပြီးနောက် ပါဝင်ပတ်သက်သူများကို လိုက်လံ ဖမ်းဆီးနေ

ပျူစောထီးခေါင်းဆောင်ထံ လက်ပစ်ဗုံးတစ်ပုံးဖမ်းမိပြီးနောက် ပါဝင်ပတ်သက်သူများကို လိုက်လံ ဖမ်းဆီးနေ

မွန်ပြည်နယ်၊ သထုံမြို့၊ နောင်ကလားကျေးရွာတွင် နေထိုင်သည့် ဦးညီညီရှိန်းခေါ် ပျူစောထီး ခေါင်းဆောင်ပိုင်ဆိုင်သည့် ကားဂိတ်မှတစ်ဆင့် နေပြည်တော်သို့ပို့ဆောင်သည့်ကားထဲတွင် စစ် ကောင်စီတပ်များက လက်ပစ်ဗုံးတစ်ပုံး သိမ်းဆည်းရမိပြီးနောက် ပါဝင်ပတ်သက်သူများကို လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်သို့ ပြေးဆွဲသော တော်ဝင်ကားမှတဆင့် နေပြည်တော် ဘောဂသီရိကားဝင်းမှ တော်ဝင်ကားဂိတ်တွင် စစ်ကောင်စီက စစ်ဆေးရာ လက်ပစ်ဗုံးပါဝင်သည့် ပုံးတစ်ပုံးကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိပြီးနောက် ၎င်းပျူစောထီးခေါင်းဆောင်ဆိုသူကို ချက်ချင်းသွားရောက် ဖမ်းဆီးခဲ့ပြီး ပါဝင်ပတ်သက်သူများကိုလည်း လိုက်လံစစ်ဆေး မှုများပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးပြောခွင့်ရ တာဝန်ခံတစ်ဦးက ယခုလို ပြောသည်။

“သူက ဒီသထုံတစ်မြို့လုံးရဲ့ ပျူစောထီးခေါင်းဆောင်ပေါ့။ သူ့အိမ်က ကားလက်မှတ်အရောင်း ဆိုင်လည်း လုပ်တယ်။ မနေ့က သူ့ကို နေပြည်တော်က ရဲတွေလာဆင်းဖမ်းသွားတယ်။ သူ့ကား ဂိတ်ကနေ ပို့လိုက်တဲ့ ပါဆယ်ထုပ်ထဲမှာ လက်ပစ်ဗုံးတစ်ပုံးပါတယ်ဆိုပြီးတော့ ဖမ်းသွားတယ်။ ညောင်ခါးရှည်ဂိတ်တို့ ကျိုက်ထိုမရမ်းကုန်းဂိတ်တို့မှာ တာဝန်ကျတဲ့ကောင် တွေလည်း စစ်ဆေးတာညံ့လို့ဆိုပြီးအထောင်းခံရတယ်။ အဲ့ဒီပစ္စည်းတွေလမ်းထဲမှာ ဘယ်လိုစစ်လို့ ရောက်သွားလဲဆိုပြီးထောင်းတာ။ ”ဟု ကေအိုင်စီသို့ ပြောသည်။

သထုံမြို့နယ်ရှိ အဆိုပါ နောင်ကလားကျေးရွာတွင် ပျူစောထီးများ၊ စစ်ကောင်စီတပ် ထောက်ခံ သူများအများဆုံးရှိပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပျူစောထီးခေါင်းဆောင် ဦးညီညီရှိန်းသည် ယခင်က (PNO)ပြည်သူ့စစ်တစ်ဦးဖြစ်ကာ သထုံအမှတ် (၉) လေ့ကျင့်ရေးတပ်မှ တပ်ရင်းမှူး၏ တပည့်အရင်းတစ်ဦးလည်း ဖြစ်သည်ဟု ထိုပြည်သူ့ကာကွယ်ရေး ပြောခွင့်ရဆိုသူက ပြောသည်။

ဦးညီညီရှိန်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ပါတီတွင်လည်း ပါဝင်လုပ် ဆောင်နေသူဖြစ်ပြီး လက်ရှိ စစ်တပ်အာဏာသိမ်းပြီးနောက် ပျူစောထီးဖွဲ့ကာ ခေါင်းဆောင်အဖြစ်လုပ်ဆောင်နေသူ ဖြစ်ကြောင်းလည်း အဆိုပါ ပြည်သူ့ကာကွယ်ရေး ပြောခွင့်ရဆိုသူက ဆက်ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်များက ပျူစောထီးခေါင်းဆောင် ဦးညီညီရှိန်းဆိုသူ၏ ကားဂိတ်မှ တဆင့် လက်ပစ်ဗုံးတစ်ပုံး သိမ်းဆဲရမိပြီးသည့်နောက် ယမန်နေ့တွင် သထုံတစ်မြို့လုံးမှ ရှိသည့် ပျူစောထီးများနှင့် ရဲများ ရုတ်ရုတ်သဲသဲ ဖြစ်နေကြောင်းလည်း မြို့ခံများက ပြောသည်။

“နေပြည်တော်က ကောင်တွေလာဆင်းဖမ်းတဲ့အခါကျတော့ မနေ့က သထုံနားမှာ နည်းနည်း ရှုပ်သွားတယ်။ ပျူစောထီးအဖွဲ့ဝင်တွေကလည်း သူတို့ဆရာကို ဖမ်းရမလားဆိုပြီး ဒေါသတွေ ထွက်နေတယ်။ လေ့ကျင့်ရေး (၉)က တပ်ရင်းမှူးလည်း အထောင်းခံရတယ်။ လောလော ဆယ်တော့ သူတစ်ယောက်ပဲ အဓိက ဖမ်းထားတယ်။ သထုံတစ်မြို့လုံးမှာရှိတဲ့ ပျူတွေနဲ့ ရဲတွေနဲ့ တော့ ရုတ်ရုတ်ဖြစ်နေတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။

၎င်းအပြင် စစ်ကောင်စီတပ်များအနေဖြင့် ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သီခြားသတင်းထုတ်ပြန် ထားခြင်းမရှိသလို စစ်ကောင်စီတပ်ထောက်ခံသူများ၏ လူမှုစာမျက်နှာများတွင်လည်း တစ်စုံ တစ်ရာ ဖော်ပြရေးသားထားခြင်းမျိုးမတွေ့ရသေးပေ။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...