ထားဝယ်မြို့အဝင်က ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ထားဝယ်မြို့အဝင်က ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အဝင်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၁ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ညနေ ၃ နာရီလောက်မှာ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီး ၄၀ မမတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပေမယ့် မြေပြင်အခြေအနေ အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်တယ်လို့ ဒေသ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ထားသလို ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း လမ်းသွား၊ လမ်းလာပြည်သူတွေကိုလည်း ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ဆက်တိုက်လုပ်နေပါတယ်။

စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့အောက်တိုဘာ ၃၁ ရက်နေ့တုန်းကလည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးထားပါတယ်။

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...