ဆုံးရှုံးနေသည့် လူ့အခွင့်အရေးများ ပြန်လည်ရရှိအောင် စုပေါင်းတွန်းလှန်ကြရန် ကရင်လူငယ်တိုက်တွန်း

ဆုံးရှုံးနေသည့် လူ့အခွင့်အရေးများ ပြန်လည်ရရှိအောင် စုပေါင်းတွန်းလှန်ကြရန် ကရင်လူငယ်တိုက်တွန်း

စစ်ကောင်စီလက်ထက် ဆုံးရှုံးသွားသည့် လွတ်လပ်စွာအသက်ရှင်နေထိုင်သွားလာခြင်းနှင့် လူသားတို့၏ မွေးရာပါရ ပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို ပြန်လည်ရရှိခံစားနိုင်အောင် စုပေါင်းတွန်းလှန်ကြရန် ဝင်းရေးမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာ ၁ဝ ရက်နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကရင်လူငယ်အစည်းအရုံး -KYOက တိုက်တွန်း လိုက်သည်။

အာဏာရှင်တို့၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် နေ့စဉ်လူမှုဘဝတွင် စားဝတ်နေရေးဖူလုံမှုနှင့် လုံခြုံမှုမရှိတော့သည့်အတွက် အခက်အခဲများစွာဖြင့် ရှင်သန်နေကြရပြီး နိုင်ငံသားအားလုံး၏ မွေးရာပါ အခွင့်အရေးများ ပြန်လည်ရရှိခံစားနိုင်အောင် ဖိနှိပ်သူများအား စုပေါင်းတွန်းလှန်ကြရမည်ဟု ဝင်းရေးမြို့နယ် KYO တာဝန်ရှိသူများက အခမ်းအနားတွင် တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အခမ်းအနားဦးဆောင်သူ ကရင်လူငယ် စောခန့်ဇော်ဝင်းက “ ခေတ်အဆက်ဆက်မှာ ကျနော်တို့ ကရင်တွေဟာ လူမှုဘဝဖူလုံမှုနဲ့ လုံခြုံစွာအသက်ရှင်နေထိုင်နိုင်ရေးဆိုတဲ့ အခွင့်အရေးတောင် မခံစားခဲ့ကြရဘူး။ ခုစစ်ကောင်စီလက်ထက်မှာ ကျနော်တို့အခွင့်အရေးဆုံးရှုံးမှုတွေ ပိုပြီးဆိုးရွားလာတယ်။ အားလုံးမွေးရာပါ အခွင့်အရေးတွေ ရရှိခံစားနိုင်ကြဖို့ ဖိနှိပ်မှုအပေါင်းကို စုပေါင်းတွန်းလှန်ကြဖို့ လိုတယ်” ဟု တိုက်တွန်းပြောဆိုခဲ့သည်။

ဝင်းရေးမြို့နယ်တွင် ပထမဦးဆုံးအကြိမ် စုပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေအပါအဝင် ကျေးရွာအသီးသီးမှ လူငယ်ခေါင်းဆောင်များနှင့် ဒေသခံဦးရေ ၁ဝဝ နီးပါးတက်ရောက်ကြသည်။ အခမ်းအနားတွင် ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေမှ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ခေတ်အဆက်ဆက် ကရင်လူမျိုးများ ရရှိခံစားမှု မရရှိသေးသည့်အပြင် ယနေ့အချိန်ထိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံရှုံးနေရကြောင်း ရှင်းလင်းပြောဆိုပြီး ဦးဆောင် KYO လူငယ်ခေါင်းများကလည်း ကြေငြာစာတမ်း အပိုဒ် ၁ မှ ၃၀ အထိ အချက်အလက်များအား အချင်းချင်းဆွေးနွေးဖလှယ်မှု ပြုလုပ်သွားသည်ဟု သိရသည်။

ဝင်းရေးမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ဒေသအတွင်း စစ်ပွဲများပြန်လည် ဖြစ်ပွားလာခဲ့ပြီး ဌာနေလူထုထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြသည်။ ထို့အပြင် ၎င်းတို့၏ ယုံကြည်အားထားရာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံခဲ့ရသည့်အပြင် စစ်ကောင်စီမှ ကျေးရွာများအတွင် မကြာခဏ လာရောက်ဗုံးကြဲတိုက်ခိုက်သည့် အတွက် ရိုးရာ၊ ဓလေ့ထုံး တမ်းပွဲတော်နှင့် ကရင်နှစ်သစ်ကူနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရန် အခက်အခဲရှိပြီး လွတ်လပ်စွာသွားလာလုပ်ကိုင်စားသောက်ခွင့်လည်း ဆုံးရှုံးနေရသည်ဟု အခမ်းအနား တက်ရောက်လာသည့် ဒေသခံ လူငယ်ခေါင်းဆောင်များက ပြောသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...