ဘူးသီးတောင်တွင် ရွှေပြည်တန်အမြန်ရေယာဉ်နှင့် စစ်ရေယာဉ်တိုက်မိ၍ ခရီးသည်သုံးဦး အနည်းငယ်ထိခိုက်ဒဏ်ရာရ

ဘူးသီးတောင်တွင် ရွှေပြည်တန်အမြန်ရေယာဉ်နှင့် စစ်ရေယာဉ်တိုက်မိ၍ ခရီးသည်သုံးဦး အနည်းငယ်ထိခိုက်ဒဏ်ရာရ

ယနေ့ နံနက်က ဘူးသီးတောင်မြို့မှထွက်ခွာလာသည့် ခရီးသည်တင် ရွှေပြည်တန်အမြန်ရေယာဉ်နှင့် စစ်ကောင်စီစစ်ရေယာဉ်တစ်စီးတို့  မတော်တဆ တိုက်မိရာမှ ခရီးသည် ၃ ဦး အနည်းငယ်စီ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ နံနက် ၇ နာရီကျော်ခန့်က ဘူးသီးတောင်မြို့မှ ထွက်ခွာလာသည့် ရွှေပြည်တန်အမြန် ရေယာဉ်သည် ရွက်ညိုးတောင်ကျေးရွာအနီးတွင် စစ်ရေယာဉ်နှင့် ပွတ်တိုက်မိခဲ့ကြောင်း၊  နှင်းများဖုံလွှမ်းနေသဖြင့် တစ်စီးကိုတစ်စီး မမြင်ရသဖြင့် ပွတ်တိုက်မိခြင်းဖြစ်ကြောင်း ရွှေပြည်တန်ပေါ်တွင်ပါလာသည့် ခရီးသည် တစ်ဦးက ပြောသည်။

“ တိုက်မိတာက  နှင်းတွေထူထပ်နေတဲ့ အတွက် မမြင်ရလို့ တိုက်မိတာ။  ဘူးသီးတောင်မြို့ကနေ မေယုမြစ်အတိုင်း  ရွှေပြည်တန်က မနက်  ၇ နာရီကျော်ခန့်က ထွက်လာတာ။ နာရီဝက် မကြာဘူးတိုက်မိတာ။ ဒီရေကကျနေတော့ နှစ်စင်းစလုံးက အပြိုင်ဆင်းကြရာမှာ ပွတ်တိုက်တာပါ။ ငြိသွားတာပေါ့။ မျက်နာချင်းဆိုင် တိုက်တာမဟုတ်ဘူး။ ၎င်းကပြောသည်။

ထိခိုက် ဒဏ်ရာရသူ သုံးဦးတွင် ပင်စင်သွားထုတ်သည့် အသက် (၇၀) ကျော်အရွယ် အဘွားတစ်ဦး ပါဝင်ပြီး ကျန် နှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့ ဖြစ်ကြောင်းသိရသည်။

တစ်ခြား ရွှေပြည်တန်ပေါ်ပါလာသူ တစ်ဦးက "ပင်စင်သွားယူတဲ့ အဒေါ်ကတော့ နည်းနည်း ထိမိသွားပါတယ်။ ဒါပေမယ့် အခြားနှစ်ယောက်လောက်တော့ မပြင်းဘူး။ နောက်နှစ်ယောက်က  နည်းနည်း ပိုထိသွားပါတယ်။  ဒုန်းခနဲဆိုပြီးအသံ တစ်ခုကြား လိုက်ရပါတယ်။ နောက်မှ စစ်ရေယာဉ် နေဗီနဲ့ ပွတ်တိုက်တာလို့ သိရပါတယ်။ အမြန်ရေယာဉ်လည်း ဘူးသီးတောင်ကို ပြန်လှည့်လာပြီး လူနာတွေကိုတော့ ဘူးသီးတောင် ဆေးရုံကိုပို့လိုက်ကြပါတယ်။ ပီးမှ ရွှေပြည်တန်ကတော့ စစ်တွေကို ခရီးဆက်သွားခဲ့ပါတယ်။ နှင်းကတအားများ မမြင်ရတော့ မတော်တဆ တိုက်မိတာဖြစ်ပါတယ်"ဟုပြောသည်။

ယင်းခရီးသည်သုံးဦးစလုံးကို ဒဏ်ရာရပြီးချက်ချင်း ဘူးသီးတောင်မြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...