ကချင်နဲ့ ဗမာ/ရှမ်းတွေ ရန်တိုက်တဲ့ သတင်းမှားဖြန့်

ကချင်နဲ့ ဗမာ/ရှမ်းတွေ ရန်တိုက်တဲ့ သတင်းမှားဖြန့်

ဗမာအိမ်တွေနဲ့ ရှမ်းအိမ်တွေကို မီးရှို့ဖျက်ဆီးရမယ်လို့  ဗိုလ်ချုပ်ဂွမ်မော်က KIA တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးထား တယ်ဆိုတဲ့ သတင်းအမှား ပို့စ်တစ်ခုကို InnWa News ဆိုတဲ့ Facebook စာမျက်နှာ က ဒီဇင်ဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာ တင်ထားပါတယ်။

InnWa News ဆိုတဲ့ Facebook စာမျက်နှာက ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ဓာတ်ပုံပေါ်မှာ “KIA အဖွဲ့ဝင်တွေ မင်းတို့ မြဲမြဲ မှတ်ထားရမှာက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ခံမချပါနဲ့ ထွက်ပြေးကြ၊ ပြီးရင် ရွာတွေကို မီးရှို့ခဲ့ကြ၊ စစ် တပ်က မီးငြိမ်းနေရတာနဲ့ မင်းတို့နောက်ကို မလိုက်နိုင်တော့ဘူး။ ပြီးတော့ မီးလောင်သွားတဲ့ အိမ်တွေဟာလည်း မင်းတို့ အမျိုးတစ်ယောက်မှ မပါဘူး။ အားလုံးဗမာအိမ်တွေ၊ ရှမ်းအိမ်တွေချည်းပဲ ရှင်းလား” ဆိုတဲ့ စာသားထည့်ပြီး ဗိုလ်ချုပ်ဂွမ်မော် ပြောဆိုထားတဲ့ ပုံစံမျိုးနဲ့ တင်ထားပါတယ်။

ဒါ့အပြင် “KIA သူပုန်တို့ရဲ့ မီးရှို့အကျင့်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က တင်ထားတဲ့ သတင်းပို့စ်မှာ ဆိုရင်လည်း “KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာရှိတဲ့ ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှို့နေတာ အား လုံး အသိပဲ ဖြစ်ပါတယ်။ သူတို့မီးရှို့ရတဲ့ရည်ရွယ်ချက်က စစ်ကြောင်းတွေ လိုက်မလာနိုင်ဖို့ရယ်၊ ဗမာ/ရှမ်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရယ်၊ KIA စခန်းတွေကို ထိုးစစ်မဆင်နိုင်ဖို့ရယ်ပါ” ဆိုပြီးတော့လည်း ရေးသားထားပါတယ်။

လက်ရှိ ဗမာအိမ်တွေကို မီးရှို့နေသူတွေဟာ NUG၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ် တယ်ဆိုပြီးတော့လည်း ထည့်သွင်းရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ဂွမ်မော် ပြောဆို အမိန့်ပေးထားတာ မရှိတာကို ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်ဆိုပြီး ကချင်လူမျိုးတွေနဲ့ ဗမာ၊ ရှမ်း တိုင်းရင်း သားတွေကို လူမျိုးရေး ပဋိပက္ခဖြစ်အောင် လုပ်ကြံဖန်တီး ရေးသားထားလို့ပဲ ဖြစ်ပါတယ်။

ပြီးတော့ စစ်ကိုင်းတိုင်းက ရွာတွေကို မီးရှို့တဲ့သူတွေဟာ KIA ၊ PDF တပ်ဖွဲ့တွေ မဟုတ်ပဲ စစ်ကောင်စီတပ်က ဖြစ် တယ်ဆိုပြီး ဒေသခံတွေက ပြောဆိုထားကြလို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ လကုန်ပိုင်းက စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေကို KIA၊ PDF တွေက မီးရှို့ခဲ့တယ်ဆိုပြီး သတင်းအမှား ဖြစ်ဝေသူတွေက ဖြန့်ဝေထားပါတယ်။

အဲဒီသတင်းတွေဟာ သတင်းအမှားဖြစ်တယ်ဆိုတာကို သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) က နိုဝင်လာလ ၃၀ ရက်နေ့က စိစစ်ထားတာကို ဒီမှာ https://bit.ly/3FzbuVd ဝင်ဖတ်လို့ရပါတယ်။

ဒါအပြင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတော်တော်များများရဲ့ သတင်းရေးသား ထုတ်လုပ်မှုကို ကြည့်မယ် ဆို ရင်လည်း  စစ်ကိုင်းတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးမှာ ဖြစ်ပွားခဲ့တဲ့ အိမ်မီးရှို့ခံ ရတဲ့ ဖြစ်စဉ်တွေ ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှို့တာမဟုတ်ပဲ စစ်ကောင်စီတပ်ဖွဲ့တွေက ရှို့သွားတာ ဆိုပြီး ဒေသခံ တွေနဲ့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး သတင်းရေးသား ထားကြပါတယ်။

ဒါကြောင့်အချက်အလက်တွေ တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ InnWa News ဆိုတဲ့ Facebook စာမျက်နှာက ကချင်တိုင်းရင်းသားတွေနဲ့ ဗမာ၊ ရှမ်းတိုင်းရင်းသားတွေကို လူမျိုးရေး ပဋိပက္ခဖြစ်အောင်၊ ဗမာ နဲ့ ရှမ်းတိုင်းရင်း သားတွေက NUG ၊ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို မုန်းတီးအောင်၊ ပဋိပက္ခဖြစ်အောင် ဝါဒဖြန့်ဖို့အတွက် တမင် ရည်ရွယ်ချက် ရှိရှိ လုပ်ကြံဖန်တီး ရေးသားထားတဲ့ သတင်းအမှားတစ်ခုသာ ဖြစ်ပါ တယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...