ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ သထုံခရိုင်တပ်မဟာ (၁)၊ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီသိမ်ဇရပ်အမြောက်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး ကျောက်ဖျာကျေးရွာအုပ်စုနဲ့ ဇီးပြောင်းကျေးရွာအုပ်စုထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဒေသခံနေအိမ် ၇ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာတော့ ဒေသခံပြည်သူ ၄၀၀၀ ကျော်ဟာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေတာကြောင့် နီးစပ်ရာဆွေမျိုးနေအိမ်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ပျဉ်းကတိုးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးထားသလို အမြောက်တပ်ကလက်နက်ကြီးတွေ ပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေဟာ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံနေရပြီး စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖိုနဲ့ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ KNU ထုတ်ပြန်ထားပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...