ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ သထုံခရိုင်တပ်မဟာ (၁)၊ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီသိမ်ဇရပ်အမြောက်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး ကျောက်ဖျာကျေးရွာအုပ်စုနဲ့ ဇီးပြောင်းကျေးရွာအုပ်စုထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဒေသခံနေအိမ် ၇ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာတော့ ဒေသခံပြည်သူ ၄၀၀၀ ကျော်ဟာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေတာကြောင့် နီးစပ်ရာဆွေမျိုးနေအိမ်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ပျဉ်းကတိုးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးထားသလို အမြောက်တပ်ကလက်နက်ကြီးတွေ ပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေဟာ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံနေရပြီး စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖိုနဲ့ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ KNU ထုတ်ပြန်ထားပါတယ်။

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...