KNU တပ်မဟာ ၅တွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ နေရာပြုလုပ်ခဲ့

KNU တပ်မဟာ ၅တွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ နေရာပြုလုပ်ခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေထဲတွင် ဒီဇင်ဘာလ (၇)ရက်နေ့တစ်ရက်ထဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၂ နေရာပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရ သည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီ ၂၅ မိနစ်တွင် လူသောမြို့နယ် ပေးကေးကျေးရွာ အုပ်စု ဒေဘူနိုကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ် ၂ စင်းနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အပြင် ၄ နာရီမိနစ် ၃၀ အချိန်တွင်လည်း ဘူးသိုမြို့နယ် ခေါပုတ်ကျေးရွာအုပ်စု ဖောထာကျေးရွာအနီးတွင် ထပ်မံဗုံးကြဲတိုက်ခိုက်မှု လုပ် ဆောင်ခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုထဲတွင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုမရှိသော်လည်း ပြည်သူများ၏ စိုက်ပျိုးလုပ်ကိုင်သည့် နေရာများ ထိခိုက်ဆုံးရှုံးမှုအချို့ရှိခဲ့သလို အိမ်မွေးတိရစ္ဆာန်အမြောက်အများလည်း ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေများထဲတွင် တပ်မဟာ(၅) အပါအဝင် တိုက်ပွဲဖြစ်ပွားသည့် တပ်မဟာ(၆)ခုတွင် ပြီးခဲ့သည့် နိုဝင်ဘာလတစ်လထဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၅၆) ကြိမ်အထိရှိခဲ့ကြောင်း ကေအဲန်ယူ၏ လစဉ်တိုက်ပွဲပေါင်းချုပ် သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် ဒေသခံလူထုများနေထိုင်သည့် ကျေးရွာများထဲသို့ လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်အပြင် လက်နက်ကြီးများနှင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူ ၁၂ဦးသေဆုံးရကာ ၂၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ်ပေါင်း ၈၁ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ထိုအထဲတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခြင်းခံရသည့် လူနေအိမ် ၃၇ လုံးရှိသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင်လည်း ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေ၊ သံလွင်မြစ်ကမ်းနံဘေးရှိ သီးရိုထာစစ်ကောင်စီစခန်းတစ်ခုကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်မတော် -KNDO ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်တစ် ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင် လာခြင်းဖြစ်သည်ဟု ဒေသအတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...