မြစ်ကြီးနား-ဖားကန့်ပြေးဆွဲနေသည့် လိုင်စင်မဲ့ခရီးသည်တင်ကားများအား နန့်ယားပြည်သူ့စစ်ဂိတ်တွင်ဖြတ်သန်းခွင့် ပိတ်ပင်ထားဟုဆို

မြစ်ကြီးနား-ဖားကန့်ပြေးဆွဲနေသည့် လိုင်စင်မဲ့ခရီးသည်တင်ကားများအား နန့်ယားပြည်သူ့စစ်ဂိတ်တွင်ဖြတ်သန်းခွင့် ပိတ်ပင်ထားဟုဆို

မြစ်ကြီးနား - ဖားကန့် လမ်းမှာ ပြေးဆွဲနေတဲ့ လိုင်စင်မဲ့ခရီးသည်တင်ကားတွေကို စစ်ကောင်စီလက်အောက်ခံ နန့်ယားပြည်သူ့စစ် ဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်ပင်ထားတာကြောင့် ကားလိုင်စင်မရှိတဲ့ ကားသမားများ အားလုံးနီးပါး လုပ်ငန်းရပ်ဆိုင်း ထားရတယ်လို့ သိရပါတယ်။

မြစ်ကြီးနား - ဖားကန့် အတက်အဆင်း ကားတွေအားလုံးကို နန့်ယား ပြည်သူ့စစ်ဂိတ်ကနေ ဖြတ်သန်းခွင့် မပြုဘဲပြန်ခေါက်ခိုင်းနေတာကြောင့် ကားလိုင်စင်မရှိတဲ့ လိုင်းကားများအားလုံး ရပ်နားထားရတယ်လို့ အဲဒီလမ်းပိုင်းမှာပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

 "လမ်းမှာဖမ်းတယ်။ နန့်ယာမှာမဖြတ်ခိုင်းဘူး။ ၂၁ မိုင် ဂိတ်မှာလဲမဖြတ်ခိုင်းဘူး။ နန့်ယာမှာက ဖမ်းတော့မဖမ်းဘူး။  ပြန်ခေါက်ခိုင်းတာ။ အတက်အဆင်းအားလုံးကို ပြန်ခေါက်ခိုင်းတာပေါ့။ လိုင်စင်ရှိတဲ့ကားတွေပဲ သွားကြတာ။ အဲဒါတောင်မှ သွားရဲတဲ့သူတွေပဲ သွားကြတယ်။" လို့ ပြောပါတယ်။

နန့်ယားဂိတ်မှာ စစ်ဆေးမေးမြန်းမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပြီး လိုင်စင်မဲ့ကားတွေကို ဖြတ်သန်းခွင်ပိတ်ပင်ထားတာကြောင့် ကားသမား အများပိုင်း မလာကြတော့ဘူးလို့ နန့်ယား ဒေသခံ အမျိုးသားတစ်ဦးကလည်းမြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ ပြန်ခေါက်ခေါက် ခိုင်းတာ။ အခုက Without(လိုင်စင်မဲ့) ကားက ဖြတ်ကို မဖြတ်တော့တဲ့ အခြေအနေပေါ့" လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်ဘက်ကနေ ဆင်းလာတဲ့ကားသမားတွေကို လက်နက်ခဲယမ်းတွေနဲ့ရိက္ခာတွေကို ခြေကျင်နဲ့ နန့်ယားကျေးရွာ အထိသယ်ခိုင်းခဲ့တယ်လို့ အထက်ပါ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။

နန့်ယာပြည်သူ့စစ်ဂိတ်မှာ စက်သုံးဆီ၊ ဆန် ၊ ဆေးဝါးများ သယ်ယူခွင့် ပိတ်ပင်ထားတာဟာ (၃)လလောက် ရှိလာပြီဖြစ်ပြီး အခုလည်း လိုင်စင်မဲ့ကားတွေကိုပါ ဖြတ်သန်းခွင့် ထပ်မံပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...