မူဆယ်တွင် ပမာဏအများဆုံုး မူးယစ်ဆေးဖမ်းဆီးရမိ

မူဆယ်တွင် ပမာဏအများဆုံုး မူးယစ်ဆေးဖမ်းဆီးရမိ
by -
သတင်းနှင့်မီဒီယာကွန်ရက်
“ကာလတန်ဖိုးကများတယ် သိန်းတစ်သောင်း ကိုးထောင်ကျော်ရှိမယ်ဗျာ။ စုစုပေါင်းက သိန်းပေါင်းတစ်သောင်း ရှစ်ရာခုနှစ်ဆယ် ကိုးသိန်းနှစ်သောင်း”မူဆယ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး အေးမြင့်က ပြောပြခြင်းဖြစ်သည်။ မူဆယ်တွင် ပမာဏ အများဆုံုး၊ ရှမ်းပြည်နယ်မြောက်ပိုုင်းတွင် ဒုုတိယပမာဏအများဆုံုး မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။ စက်တင်ဘာလ ၁၁ ရက်နေ့က မူးယစ်တပ်စုမှူး အထူး ဒု-ရဲမှူး ကျော်ဌေး ဦးဆောင်သည့် အဖွဲ့သည် သတင်းအရစောင့်ဆိုင်းစဉ် ကားတစ်စီးအား ရပ်တန့်ရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု မူဆယ်စခန်းမှူးက ပြောသည်။ “ကျနော်တို့ ၁၀၅ မိုင် မိုင်းယု ကျေးရွာ နမ့်ဖက်ကာ ၁၀၅ မိုင်နဲ့သွားတဲ့လမ်းပေါ့။ ကျနော်တို့ ဟိုင်းဝေးလမ်း မပေါ်မှာ ကျနော်တို့ တိုးဂိတ်အနီးမှာ ရှာဖွေရေး ဖမ်းဆီးရေး စစ်ဆင်ရေးအရ လုပ်တာပေါ့။ အဲဒီအချိန်မှာ မသင်္ကာဖွယ်တွေ့ရှိတဲ့ တိုယိုတာ ဟိုင်းလက် အမျိုးအစားကားတစ်စီးတွေ့လို့ အဲဒီမှာ ရပ်တန့်ရှာဖွေစစ်ဆေး တဲ့အခါမှာ အောက်က အစိမ်းရောင် ပီနံအိတ် အဝါတွေကို စပါးခွံတွေထည့်ထားပြီးတော့ အောက်က မူးယစ်ဆေးဝါးတွေထည့်ပြီးတော့ သူတို့ သယ်လာတာ” မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များနှင့် မူဆယ်ခရိုင်မှ ရဲတပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည့် ရန်ဝေဖန်း မောင်းနှင်လာပြီး ဟွမ်အားကွေး လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ စုစုပေါင်း စိတ်ကြွရှုးသွပ်ဆေးပြား ၉ ဒသမ ၉၃၉၆ သိန်း ဖမ်းဆီးရမိခဲု့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ လူမှုကွန်ယက် (Facebook) စာမျက်နှာတွင် ဖော်ပြထားသည်။ ဖမ်းဆီးရမိသည့်သူများအား မူဆယ်မြို့မရဲစခန်း၏ မူးယစ် ပ ၁၄၈/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅/၁၉က/၂၁ ဖြင့် အရေးယူထားသည်ဟု သိရသည်။ ယခင်က မူဆယ်မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိသော်လည်း ယခုအကြိမ် ဖမ်းဆီးရမိသည့် ပမာဏမှာ အများဆုံးဖြစ်သည်ဟု သိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြီးခဲ့သည့်နှစ်က ကွတ်ခိုင်တွင် စိတ်ကြွမူးယစ်ဆေးဖမ်းဆီးရမိသည့် ပမာဏသည် အများဆုံးဖြစ်ပြီး ယခုတစ်ကြိမ် မူဆယ်မြို့နယ်တွင် ဖမ်းဆီးရမိသည့် ပမာဏသည် ဒုတိယအများဆုံးဖြစ်သည်ဟု မူဆယ်မြို့မ ရဲစခန်းမှ ဒု-ရဲမှူးအေးမြင့်မှပြောသည်။
ပုံဟောင်း / AA
September 21, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့်...
September 21, 2026
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ရေရှည်ငြိမ်းချမ်းသည့်...
စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd
September 21, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ...
September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...