ဒဂုံတက္ကသိုလ်ကျောင်းသာ ၇ ဦး သေဒဏ်ချမှတ်မှုအပေါ် ကန့်ကွက်ရှုတ်ချသည့် လှုပ်ရှားမှု ချင်းမိုင်မြို့တွင် ပြုလုပ်

ဒဂုံတက္ကသိုလ်ကျောင်းသာ ၇ ဦး သေဒဏ်ချမှတ်မှုအပေါ် ကန့်ကွက်ရှုတ်ချသည့် လှုပ်ရှားမှု ချင်းမိုင်မြို့တွင် ပြုလုပ်

ဒဂုံတက္ကသိုလ်ကျောင်းသာ ၇ ဦးအား စစ်ကောင်စီက သေဒဏ်ချမှတ်မှုအပေါ်  ကန့်ကွက်ရှုတ်ချသည့်  အခမ်းအနားတစ်ခုကို မြန်မာကျောင်းသားလူငယ်များနှင့် ထိုင်းကျောင်းသားလူငယ်များက ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

၎င်းရှုတ်ချပွဲ အခမ်းအနားကို  ချင်းမိုင်မြို့ Three Kings Monument တွင် ယနေ့ ညနေ ၄နာ ၃၀ မိနစ်တွင် စတင် ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး သရုပ်ဖော်မှုများ ပြုလုပ်ကာကန့်ကွက် ရှုတ်ချခဲ့ကြသည်။

ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် ကျောင်းသား တစ်ဦးက “ကျနော်တို့အခုလုပ်တာက ကျောင်းသား ၇ ယောက်ကို သေဒဏ်ပေးတဲ့ အပေါ်မှာ လုံး၀ကန့်ကွက်ရှုတ်ချတယ်။ ဒီနေ့ ပြုလုပ်တဲ့ အခမ်းအနားမှာ သေဒဏ်ချခံထားရတဲ့ ကျောင်းသား ၇ ဦးအတွက် အပါအဝင်  မြန်မာနိုင်ငံက ပြည်သူ၊ ပြည်သားအားလုံးကို ရည်ရွယ်ပြီးပြုလုပ်တဲ့ ပုံစံမျိုးနဲ့ပြုလုပ်ခဲ့တာဖြစ်တယ်” ၎င်းက ပြောကြားသည်။

စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့သည့် တက္ကသိုလ်ကျောင်းသားများမှာ  ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင် တို့ဖြစ်သည်။

ကျောင်းသား ၇ ဦးကို အင်းစိန်ထောင်အတွင်း အကျဉ်းချကာ လူသတ်မှုကျူးလွန်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီ တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းထားသည့်  တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးတွင် လူပေါင်း  ၁၃,၀၁၇ ဦး ဖမ်းဆီးထားပြီး၊ သေဒဏ်ချမှတ်ခံထားရသူ ၉၀ ဦး၊ မျက်ကွယ် သေဒဏ်ချမှတ်ခံရသူ ၄၂ ဦး၊ စုစုပေါင်း ၁၃၂ ဦး သေဒဏ်ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။

ဒဂုံတက္ကသိုလ်ကျောင်းသာ ၇ ဦးအား သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့ရှိ မြန်မာသံရုံးရှေ့မှာ နီပေါကျောင်းသားများ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

၎င်းအပြင် ချင်းမိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ကျောင်သား ကောင်စီက ယခု သေဒဏ်ချမှတ်ကိစ္စနှင့်  ပတ်သက်ပြီး မြန်မာကျောင်းသားများ ကို သေဒဏ်မစီရင်စေရေး နိုင်ငံတကာမှ  ဖိအားပေးရန် အချက်အပါအဝင် တောင်းဆိုချက် ၆ ချက်ပါသည့် အိတ်ဖွင့်ပေးစာကို အမေရိကန်သံရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကို  ပေးပို့ခဲ့ကြသည်ဟု သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံတွင်လည်း ကျောင်းသာ ၇ ဦးကို သေဒဏ်ပေးမှုအပေါ် ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲများ နေရာအချို့တွင် ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

Most read this week

December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...
ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...