ကြက်သွန်နီဈေးမြင့်မားသဖြင့် စားသုံးသူများ ဝယ်မစားနိုင်ဖြစ်နေ

ကြက်သွန်နီဈေးမြင့်မားသဖြင့် စားသုံးသူများ ဝယ်မစားနိုင်ဖြစ်နေ

ကရင်ပြည်နယ်တွင် ကြက်သွန်နီဈေး တဖြည်းဖြည်း မြင့်မားလာနေသဖြင့် စားသုံးသူ ပြည်သူများမှာ ဝယ်မစားနိုင်တော့သည့်အခြေအနေအထိရှိလာနေကြောင်း သိရသည်။

လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတွင် ကြက်သွန်နီဈေးနှုန်းသည် တစ်ပိသာလျှင် ၁၀၀၀ ကျပ်ကျော်သာရှိခဲ့ရာမှ ယခုအချိန်တွင် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ကျော်အထိရှိလာသည့်အတွက် ဝယ်မစားနိုင်တော့သည့် အခြေအနေဖြစ်လာကြောင်း ဖားအံဒေသခံတစ်ဦးက ယခုလို ပြောသည်။

"ကြက်သွန်နီက ရွာမှာတစ်ပိဿာဆို ၄၅၀၀ ကျပ်ရှိနေပြီ၊ မဝယ်နိုင်ကြတော့ဘူး ကြက် သွန်က ဟင်းမဖြစ်ဘူးလေ၊ တစ်ခြားစားစရာပဲဝယ်ကြတော့တယ်။ တစ်ချို့ဆို ထည့်မချက်‌တော့ဘူးပေါ့။ ရွာမှာက ကြက်သွန်နီကို တစ်ထောင်ဖိုး၊ နှစ်ထောင်ဖိုး လောက်ပဲ ဝယ်စားကြတာများတော့တယ်"ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကြက်သွန်နီ ဈေးနှုန်း မြင့်မားနေမှုကြောင့် စားသုံးသူ ပြည်သူများ မဝယ်စားနိုင်တော့၍ ကုန်စုံဆိုင်ဖွင့်ထားသူများလည်း ကြက်သွန်နီရောင်းအား ကျဆင်းလျက်ရှိကြောင်း ကော့ကရိတ်မြို့တွင် ကုန်စုံဆိုင်ဖွင့်ထားသူများက ပြောသည်။

ကော့ကရိတ်မြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက "ကြက်သွန်နီက မော်လမြိုင်မြို့တို့၊ ရန်ကုန်မြို့တို့မှာ မှာယူတယ်။ ဆိုင်မှာတော့ ကြက်သွန်နီ ၁၀ ပိဿာဝန်းကျင် တစ်အိတ်ကို လေးသောင်းကျပ်ရှိတယ်။ ဖောက်သည်တွေ အရင်က  ၅ အိတ်ယူရင် အခုက ၂ အိတ်ပဲယူ တော့တယ်။ ဈေးနှုန်းမတည်ငြိမ်‌တော့ ရွာကဖောက်သည်တွေက နည်းနည်းပဲ ဝယ်ကြတယ်။ ကုန်ဈေးနှုန်းတွေဈေးတက်တော့ ပစ္စည်းတွေများများ ဆိုင်မှာမတင်ထားတော့ဘူး။ အရင်က သိန်း ၅၀ လောက်တစ်ခါဝယ်ရင် အခုက သိန်း ၁၀၀ လောက်ကုန်တယ်။ ရွာကဖောက်သည်တွေလည်း အရောင်းအဝယ် တော်တော်နည်းသွားတယ်"ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိ ကရင်ပြည်နယ် မြို့နယ်များတွင်း ကျေးရွာများတွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေအပေါ်မူတည်၍ကြက်သွန်နီဈေးနှုန်းသည် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဝန်း ကျင်မှ  ၆,၀၀၀ ကျပ် အထိရှိသည်ဟု စားသုံးသူများထံမှ သိရှိရသည်။

Most read this week

December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...
December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...