ဒုတိယအကြိမ်မြောက် ကမန်အမျိုးသားနေ့ကို ရန်ကုန်တွင် ကျင်းပ

ဒုတိယအကြိမ်မြောက် ကမန်အမျိုးသားနေ့ကို ရန်ကုန်တွင် ကျင်းပ

ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ဒုတိယအကြိမ်မြောက် ကမန်အမျိုးသားနေ့ကို ရန်ကုန်တိုင်းဒေသကြီး ၊မှော်ဘီမြို့နယ်ရှိ ဘွတ်ကြီးကမန်ရွာတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကမန်တိုင်းရင်းသားများလူမှုကွန်ယက် ဥက္ကဌ ဦးထွန်းငွေက ''တိုင်းရေးပြည်ရေး အခြေအနေကြောင့် အကျဥ်းချုံး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လေးသည်တော်ကမန်လူမျိုးကို ရခိုင်ဘုရင်တွေက စစ်တွေက ကမန်ရွာ ၃ ရွာ၊ သံတွဲက ကမန်ရွာ ၁၉ ရွာ နဲ့ ရမ်းဗြဲမှာ နေရာချထားပေးတဲ့ ၁၇၁၀ခု နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကိုအမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့တာပါ'' ဟု နိရဉ္စရာ သို့ပြောသည်။

ယခုနှစ် ကမန်အမျိုးသားနေ့ကို နိုင်ငံရေးအခြေအနေကြောင့် ကျယ်ကျယ်ပြန့်ပြန့် မကျင်းပနိုင်ခဲ့သော်လည်း မိမိအမျိုးသားနေ့ကို ဖော်ထုတ်ကျင်းပခွင့်ရ၍ ဝမ်းသာမိကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်အမျိူးသားပါတီကလည်း ဒုတိယအကြိမ်မြောက် ကမန်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

'' ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးအပါအဝင်လူမျိုးစုဝင်အားလုံး၏ အကျိုးစီးပွားနှင့် ယဥ်ကျေးမှု ၊ ဓလေ့ထုံးတမ်းများကို အစဥ်အမြဲ တန်ဖိုးထားပြီး ထာဝရ လက်တွဲဖော်အဖြစ် လည်းတန်ဖိုးထား ဂုဏ်ပြုပါသည်'' ဟု ရခိုင်အမျိုးသားပါတီ ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။ကမန်အမျိုးသားနေ့အဖြစ်သတ်မှတ်နိုင်ရန် ၂၀၂၀ ခုနှစ် ကစ၍ကြိုးပမ်းခဲ့ပြီး ယမန်နှစ်၂၀၂၁ က ပထမအကြိမ်အဖြစ် စတင်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ကမန်လူမျိုးများသည် ရခိုင်မျိုးနွယ်စု ၇ ခုတွင် ပါဝင်ပြီး ရခိုင်ဘုရင်လက်ထက် လေးသည်တော်များအဖြစ် အမှုထမ်းခဲ့ကြသူများဖြစ်ပြီး လူဦးရေ ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဝီကီပီးဒီးယားတွင် ရေးသားဖော်ပြထားရာတွင် ရှေးရခိုင်တွင် လေးသည်တော်ကို “ ကမန် ”ဟု ခေါ်သည်။ ၁၆၆၀ ပြည့်နှစ်က ဘင်္ဂလားဘုရင် ရှာရှုဂျာ မြောက်ဦးသို့ လာစဉ်က နောက်ပါအချို့ကိုလည်း ခေါ်သည်။ အာဖဂန် အနွယ်စပ် မူဆလင်များ ဖြစ်ကြပြီး ရခိုင်စကားနှင့် အမည်တို့ကို သုံးစွဲကြသည်။ လူဦးရေ သုံးထောင်လောက်ရှိသည်။ သီးခြားရွာရှိပြီး လူမျိုး ရောနှောမှု နည်းပါးသည်။

ယင်းမူဆလင် ဘာသာဝင် ကမန် တို့သည် ရခိုင်ပြည်၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုး ကို လုံးဝ ပြုလုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့် ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင် တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင် လာခဲ့ကြသော လူမျိုးတစ်မျိုး ဖြစ်သည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...