မုဒုံ မြို့မ ၂ အုပ်ချုပ်ရေးမှုးရုံး ဗုံးပေါက်၊ အမျိုးသား ၃ ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မုဒုံ မြို့မ ၂ အုပ်ချုပ်ရေးမှုးရုံး ဗုံးပေါက်၊ အမျိုးသား ၃ ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မုဒုံမြို့မြေပုံ (google map)
မုဒုံမြို့မြေပုံ (google map)

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့မ ၂ အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲပြီး ရုံးအတွင်းရှိ စာရေးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြိုမ ၂ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

”ဗုံးပေါက်တဲ့အချိန်မှာ ရုံးက စာရေးနဲ့ ရာအိမ်မှူးပဲ ရုံးမှာ ရှိနေတာ အရပ်သားနှစ်ယောက်က မီးမလာလို့ ရုံးမှာ ဖုန်းအားလာသွင်းတာ ဗုံးပေါက်တော့ သူတို့ပါ ထိတာပေါ့" ဟု ၎င်းက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ လေးဦးအနက် စာရေး၊ ရာအိမ်မှူးနှင့် အရပ်သား တစ်ဦးသည် ဒဏ်ရာပြင်းထန်သောကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျန်သည့် အရပ်သားတစ်ဦးကိုတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိသောကြောင့် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး မြင်တွေ့သူများနှင့် အနီးဝန်းကျင် နေထိုင်သူများကို မေးမြန်းမှုများ လုပ်ဆောင်နေ ကြောင်းလည်း ရပ်ကွက်နေသူတို့က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မုဒုံ မြိုမ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...