ဘီးလင်း ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦး ပစ်သတ်ခံရ

ဘီးလင်း ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦး ပစ်သတ်ခံရ

ဘီးလင်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦး လမ်းပေါ်တွင် ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဖုန်းမြင့်ကျော်သည် အင်ဖလောင်းကျေးရွာသို့ ချဲထီဖိုးသွားကောက်ခံစဥ် သေနတ်သမားများက ဆိုင်ကယ်ဖြင့် ရောက်လာပြီး အနောက်ကနေ အနီးကပ်ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“သူက အင်ဖလောင်းရွာဘက်ကို ချဲဖိုးသွားကောက်တဲ့အချိန်မှာ သေနတ်သမားတွေက လူနှစ်ယောက်က အနောက်ကနေ အနီးကပ် ပစ်သွားတာ၊ သေနတ်သမားက နှစ်ယောက်ပါ ဆိုင်ကယ်နဲ့လာတာပါ” ဟု တောင်စွန်း ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုမှာ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဖုန်းမြင့်ကျော်၏ ရင်ဘက်နှင့် ဦးခေါင်းတွင် ကျည်ထိမှန် ဒဏ်ရာရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်နေစဥ် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်ကျော်သည် တောင် စွန်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးည်းဖြစ်သည့်အပြင် ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်ဟု ဆိုသည်။

ဦးဖုန်းမြင့်ကျော် ပစ်သတ်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြန်ထားခြင်း မရှိသေး ပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်အတွင်း၌ နိုင်ငံရေးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်တပ် နှင့် နီးစပ်သူများ မကြာခဏ ပစ်သတ်ရှင်းလင်းခံရလေ့ရှိသည်။

ပုံဟောင်း / AA
September 21, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့်...
September 21, 2026
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ရေရှည်ငြိမ်းချမ်းသည့်...
စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd
September 21, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ...
September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...