စစ်တွေမှ အမြွာညီအစ်မမိန်းကလေးငယ် ၂ ဦးကို တရုတ်အမျိုးသားထံ ရောင်းစားရန်စီစဥ်ခဲ့သည့် အမျိုးသမီး ၃ ဦးအား အလုပ်နှင့် ထောင် ၁၀ နှစ်စီချမှတ်

စစ်တွေမှ အမြွာညီအစ်မမိန်းကလေးငယ် ၂ ဦးကို တရုတ်အမျိုးသားထံ ရောင်းစားရန်စီစဥ်ခဲ့သည့် အမျိုးသမီး ၃ ဦးအား အလုပ်နှင့် ထောင် ၁၀ နှစ်စီချမှတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အမြွာညီအစ်မမိန်းကလေးငယ် ၂ ဦးကို လုပ်အားခ ခေါင်းပုံဖြတ်ကာ တရုတ်အမျိုးသားထံ ရောင်းစားရန် စီစဥ်ခဲ့သည့်အမျိုးသမီး ၃ ဦးအား အလုပ်နှင့် ထောင် ၁၀ နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့်အမျိုးသမီး ၃ ဦးမှာ စစ်တွေမြို့၊ ရွာသာယာရွာနေ မဘုမချေ(ခ)မဘုချေ၊မအေးချေနှင့်မအဖြူချေတို့ ဖြစ်သည်။

သူတို့ကို ပြီးခဲ့သည့်နိုဝင်ဘာလ ၂၃ ရက်တွင် စစ်တွေခရိုင်တရားရုံးက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ယနေ့ နိုဝင်ဘာ ၃၀ ရက်ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြထားသည်။

သူတို့ ၃ ဦးသည် တစ်ရွာတည်းနေ အသက် ၂၁ အရွယ် အမြွာမိန်းညီအစ်မကလေးငယ် ၂ ဦးအား ရန်ကုန်မြို့အထည်ချုပ် စက်ရုံတွင် အလုပ်ရမည်၊ တစ်လလျှင် လစာငွေ ၂ သိန်းခွဲရမည်ဟု စည်းရုံးပြောဆိုကာ ခေါ်ယူခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် သူတို့ ၃ ဦးသည် လားရှိုးမြို့ရှိ စတိုးဆိုင်နှင့်မူဆယ်မြို့ရှိ ငါးဒိုင်တို့တွင် ထိုမိန်းကလေးငယ် ၂ ဦးကို အလုပ်ခိုင်းစေပြီး လုပ်အားခများအား ခေါင်းပုံဖြတ်ရယူကာ တရုတ်အမျိုးသားထံ ရောင်းစားရန် စီစဥ်ခဲ့သဖြင့် စစ်တွေမြို့မရဲစခန်းတွင် (ပ)၅၄/၂၀၂၂၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈/၃၂ ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

အမြွာညီအစ်မ အမျိုးသမီးငယ် ၂ ဦးကို မည်သည့်အချိန်က ခေါ်ဆောင်သွားပြီး ခေါ်ဆောင်သွားသည့်အမျိုးသမီး ၃ ဦးကိုလည်း မည်ကဲ့သို့ဖမ်းဆီးရမိခဲ့သည်ဆိုသည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပါ။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...