လှည်းကူးတွင် မွတ်ဆလင် ၆၈ ဉီး ဖမ်းဆီးခံရ

လှည်းကူးတွင် မွတ်ဆလင် ၆၈ ဉီး ဖမ်းဆီးခံရ
လှည်ကူးမြို့နယ် ညောင်နှစ်ပင်ဇုန်(၁)၌ ဖမ်းဆီးခံခဲ့ရသည့် မွတ်ဆလင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့
လှည်ကူးမြို့နယ် ညောင်နှစ်ပင်ဇုန်(၁)၌ ဖမ်းဆီးခံခဲ့ရသည့် မွတ်ဆလင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာလ ၂၈ ရက်)က အထောက်အထားမဲ့ ခရီးသွားလာသည့် မွတ်ဆလင် ၆၈ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၄ နာရီအချိန်တွင် လှည်ကူးမြို့နယ်၊ ညောင်နှစ်ပင်ဇုန်(၁) အနီးသို့ ရောက်ရှိလာသည့် ကုန်တင်တွဲယာဉ်တစ်စီးကို အာဏာပိုင်များက ရပ်တန့်ခိုင်းပြီး ရှာဖွေစစ်ဆေးရာ အထောက်အထားမဲ့ မွတ်ဆလင်ကလေးငယ် လေးဦးအပါအဝင် အမျိုးသား(၅၄)ဦးနှင့် အမျိုးသမီး(၁၄)ဦး စုစုပေါင်း ၆၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း လှည်ကူးမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“၁၂ ဘီး ကုန်တင်ကားတစ်စီးကို ရပ်ပြီးတော့ မသင်္ကာပစ္စည်းတွေ ပါလာမလားဆိုပြီး စစ်ဆေးတာ။ အဲဒီကားထဲမှာ မွတ်ဆလင်လူမျိုးတွေကိုတွေ့လို့ ဖမ်းထားလိုက်တယ်။ ကလေးတွေလည်းပါတယ်။ လူငယ်တွေက ၁၀ ဦးကျော်ပါတယ်။ ကျန်တာတွေက လူလတ်ပိုင်းတွေနဲ့ အသက်ကြီးပိုင်းတွေများတယ်။ အခု လှည်းကူးရဲစခန်းမှာ ထိန်းသိမ်းပြီးတော့ စစ်ဆေးနေပါတယ်”ဟု ၄င်းကပြောသည်။

ဖမ်းဆီးခံထားရသည့် မွတ်ဆလင်များမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောင်မြို့နယ်တို့မှ ဖြစ်ပြီး ကရင်ပြည်နယ် မြဝတီနယ်စပ်မှတဆင့် မလေးရှားနိုင်ငံသို့သွားရောက်ရန် ပွဲစားများဖြင့် ချိတ်ဆက်ကာ ထွက်ခွာလာသူများဖြစ်ကြောင်း အဆိုပါရဲစခန်းနှင့် နီးစပ်သူက ဆက်ပြောသည်။

“ဘူးသီးတောင်နဲ့ မောင်တောဘက်က လာကြတာ။ သူတို့က မြဝတီကို အရင်သွားမယ်။ အဲဒီက ပွဲစားနဲ့ ထိုင်းကိုဖြတ်ပြီးတော့ မလေးရှားကိုသွားဖို့ လုပ်ထားတာလို့သိရတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ၎င်းတို့ကို လှည်းကူးမြို့မရဲစခန်း၌ အသေးစိတ်စစ်ဆေးနေပြီး အမှုဖွင့်အရေးယူရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် လှည်းကူးမြို့ရှိ အမြန်လမ်းမ ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်နှင့် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက် အမှတ်(၃) လမ်းမကြီးတို့၌ အထောက်အထားမဲ့ မွတ်ဆလင် (၃၀)ကျော် ဖမ်းဆီးခံခဲ့ရသည်။

တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...