စစ်ကောင်စီတပ်က လူနေအိမ်များ မီးရှို့ဖျက်ဆီးပြီး ထိုးစစ်ဆင်မှုလုပ်ဆောင်နေ

စစ်ကောင်စီတပ်က လူနေအိမ်များ မီးရှို့ဖျက်ဆီးပြီး ထိုးစစ်ဆင်မှုလုပ်ဆောင်နေ

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုရှိ လူနေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး မှုလုပ်ဆောင်ကာ ထိုးစစ်ဆင်လာနေလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

တံခွန်တိုင်ကျေးရွာအုပ်စု ပုလိန်ကျေးရွာအနီး ငြိမ်းချမ်းမြိုင်ဒေသရှိ အရပ်သားပြည်သူ နေအိမ် ၂ လုံးထက်မနည်းကို စစ်ကောင်စီက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ပြီး ထိုးစစ်ဆင်မှုများလုပ်ဆောင်သည့်အတွက် ခလယ်၊ တံခွန်တိုင်၊ ပုလိန်၊ ခလယ်ရွာလေး၊ မြို့ဟောင်း၊ ဘုရားငါးဆူ၊ နန်းသိုင်းထွန်းနှင့် အခြားကျေးရွာအသီးသီးတို့မှ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီ သူများထံမှ သိရသည်။

“ ငြိမ်းချမ်းမြိုင်မှာရှိတဲ့ ပုလိန်ရွာသား စောဒူးရေ့နေအိမ်တစ်လုံးနဲ့ အခြားအိမ်တစ်လုံး မနေ့ကမီးရှို့ခံရတယ်။ မီးခိုးလုံးထွက်လာတာကိုပဲ မြင်နေရတယ်။ စစ်တပ်ရှိနေတော့ သွားကြည့်မရဲဘူးပေါ့နော်။ ကျေးရွာအနီးအနားမှာ သူတို့ရှိနေတော့ ရာဘာလည်း ဘယ်သူမှခြစ်မရဲကြတော့ဘူးလေ။ စားဝတ်နေရေးလည်း အားလုံးခက်ခဲနေတယ်” ဟု ဝင်းရော်ဒေသခံ နောင်းစီဖောင်က ကေအိုင်စီ သို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ညိုတောင်တန်း၏ တောင်ခြေများတစ်ဝိုက်နှင့် ကျေးရွာများ၏ အနီးအနားတွင် စစ်ကောင်စီမှ နိုဝင်ဘာ ၂၈ ရက်နေ့တွင် စစ်ကြောင်း ထိုးစစ်ဆင်လာသည့်အတွက် ဝင်းရော်ဒေသရှိ စစ်ကောင်စီ ပညာရေးဌာနမှ ဖွင့်လှစ် ထားသည့် စာသင်ကျောင်းများနှင့် ဌာနေလူထုကျောင်းများ စာသင်ကြားမှုရပ်နား ထားရပြီးတောတောင်နေရာများတွင် အချို့ရွှေ့ပြောင်းစာသင်နေကြရသည်ဟု ပညာရေး တာဝန်ရှိသူများထံမှ သိရသည်။

KNU ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ်မြေရှိ ကျေးရွာများတွင် တပ်စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်သည် စစ်ရေးအကြောင်းပြချက်ဖြင့် ပြည်သူများ၏ နေအိမ်ရှိပစ္စည်း များအား ဖောက်ထွင်းပြီး ပစ္စည်းများယူဆောင်သည့်အပြင် ယခုမီးရှို့ဖျက်ဆီးမှုပါ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ၂၈ ရင်နေ့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ တောင်ညိုခြေရှိ ဥယျာဥ်ခြံလုပ်ကိုင်နေကြသော ခလယ်၊ ပုလိန်ရွာသား ၁၀ ဦးနီးပါး ပေါ်တာအဖြစ် ဖမ်းဆီးခံရပြီး နိုဝင်ဘာ ၂၉ ရက်နေ့တွင် အချို့ပြန်လွတ်မြောက်လာကြပြီဟု ဖမ်းဆီးခံရသူများ၏ နီးစပ်သည့်ဆွေးမျိုးများထံမှ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...