မူဆယ် စီးပွားရေးလုပ်ငန်းရှင်များ မကြာခဏ ဓားပြတိုက်ခံရ

မူဆယ် စီးပွားရေးလုပ်ငန်းရှင်များ မကြာခဏ ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်၊ ပိုက်ဆံချမ်းသာသူများ မကြာခဏ ဓားပြတိုက်ခံရပြီး လုံခြုံရေး မရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

ယခုလ (နိုဝင်ဘာ ၂၅ ရက်) မူဆယ်မြို့ တောင်ရပ်ကွက်တွင်း နေထိုင်သည့် ပိုက်ဆံချမ်းသာသည့် နေအိမ်တစ်လုံးကို အမည်မသိ အမျိုးသား ၆ ဦးက သေနတ်ဖြင့် ဓားပြဝင်တိုက်ခဲ့ပြီး တရုတ်ယွမ်ငွေ ၂၅ သိန်း ( မြန်မာကျပ်ငွေ ၁ ထောင်ဝန်းကျင်) နှင့် မြေဂရမ် ၅ ခုပါသွားကြောင်း နီးစပ်သည့် ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ ၆ ယောက်လာတယ်။ သေနတ်ကိုယ်စီ ကိုင်ထားပြီး ၄ ယောက်က အပြင်စောင့်၊ ၂ ယောက်က အိမ်ထဲဝင်ပြီး ဓားပြတိုက်တာ။ အိမ်ထဲမှာက သက်ကြီးရွယ်အို အဘိုးနဲ့ အဖွား နှစ်ယောက်ဘဲ ရှိတယ်။ တရုတ်ယွမ်ငွေ ၂၅ သိန်းနဲ့ မြေဂရမ် ၅ ခု ပါသွားတယ်။ ဒီနေ့ ဒီချိန်ထိတော့ ပြန်ရတယ်ဆိုတဲ့ သတင်းတော့ မကြားရသေးဘူး “ ဟု ၎င်းဆွေမျိုးက ပြောသည်။

အဆိုပါ ဓားပြတိုက် မှုခင်း ဖြစ်ပွားခဲ့သည့်နောက်ပိုင်း မူဆယ်မြို့ရှိ ငွေလဲလှယ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပိုက်ဆံချမ်းသာသူများသည် မနေရဲသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“တချို့ ငွေလဲလှယ်တဲ့သူတွေက မနေရဲတော့ဘူး။ မန္တလေး၊ ရန်ကုန် တို့ဘက်မှာ သွားခိုလှုံနေရတယ်။ ပြည်သူ့စစ် တပ်ဖွဲ့တွေလည်း အရမ်းများတယ်။ တချို့ ပြည်သူ့စစ်ထဲဝင်ရင် သေနတ်တွေ ကိုင်ရတယ်။ အခု ဓားပြတိုက်အဖွဲ့တွေက သေနတ် ကိုယ်ဆီကိုင်ပြီး အရမ်းတောင်းကြမ်းနေတယ် “ ဟု မူဆယ်မြို့ စွမ်စော်ရပ်ကွက်နေ အသက် ၃၀ နှစ် အမျိုးသမီးတစ်ဦး က ပြောသည်။

ယခု နိုဝင်ဘာလအတွင်း မူဆယ်မြို့မှာ ဓားပြတိုက်မှု (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူဆယ်မှာ စစ်ကောင်စီတပ်ဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ နှင့် ပြည်သူ့စစ်များ လှုပ်ရှားသည့် နယ်မြေတစ်ခု ဖြစ်ပြီး ဒေသခံများ၏ နေအိမ်မကြာခဏ ဓားပြတိုက်ခံရသော်လည်း တရားခံများကို တကြိမ်တခါမျှ ဖမ်းဆီးပေးခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...