စစ်ကောင်စီတပ်ကို ထားဝယ်ပျောက်ကြား တိုက်ခိုက်

စစ်ကောင်စီတပ်ကို ထားဝယ်ပျောက်ကြား တိုက်ခိုက်

ထားဝယ်-ရေး ကားလမ်းပေါ်က တံတားဖြူအနီးတွင် မိုင်းရှင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ အား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၆ ဦးခန့်သေဆုံး၊ ၁၂ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Dawei Guerrilla Revolutionary Force – DGRF (ထားဝယ် ပျောက်ကြား တော်လှန်ရေး တပ်) က ပြောသည်။

ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ရေး ကားလမ်းပေါ်ရှိ မောင်မယ်ရှောင် ကျေးရွာနှင့် ဇဟာကျေးရွာ အကြား တံတားဖြူအနီး မိုင်းရှင်းလင်းရန်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးခန့် သေဆုံးခဲ့ပြီး ၁၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု DGRF အဖွဲ့တာဝန်ရှိသူ တစ်ဦး က ပြောသည်။

အသက် ၃၀ ခန့်အရွယ် ဇဟာရွာသားတစ်ဦးက “တဂျိမ်းဂျိမ်းနဲ့ ကျောက်မိုင်းခွဲသလို ဆက်တိုက် ပေါက်ကွဲတဲ့ အသံတွေနဲ့ သေနတ်သံတွေ ရွာကတောင် ကြား ရတယ်။ သိပ်မကြာဘူး အရေးပေါ်ကားတွေလည်း သွားလာတာ မြင်ရတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီ အချိန်ခန့်တွင် မိုင်းရှင်းလင်းရန် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ကို ၆၀ မမ ၂ လုံး၊ မိုင်း ၃လုံး အသုံးပြုကာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Dawei Guerrilla Revolutionary Force - DGRF အဖွဲ့က နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းက သတင်းထုတ်ပြန် ထားသည်။

မိုင်းမြုပ်ထားသည့် အပေါ်တက်ထိုင်နေတဲ့ စစ်ကောင်စီတပ်သား ၆ ဦးခန့် လွင့်စင်တက်သွားပြီး ၃ ဦးမှာ မြေပေါ် ပုံကျသွားခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး သေဆုံးသူများ၏ အလောင်းများနှင့် ထိခိုက် ဒဏ်ရာရသွားသူများကို အရေး ပေါ်ကား ၅ စီးဖြင့် လာရောက် တင်ဆောင်သွားခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အနီးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု DGRF တာဝန်ရှိသူက ဆိုသည်။

ထားဝယ်မြို့မှ ၇ မိုင်ခန့်သာ ကွာဝေးသည့် ၎င်းလမ်းပိုင်းနေရာသည် စစ်ကောင်စီ ယာဉ်တန်းများ မကြာခဏ ဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရလေ့ ရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။

ပုံဟောင်း / AA
September 21, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့်...
September 21, 2026
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ရေရှည်ငြိမ်းချမ်းသည့်...
စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd
September 21, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ...
September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...