ဘိုးဘွားပိုင် ဓါးမဦးချ ဘာသာရေး သချင်္ူိင်းမြေအား ပြီးခဲ့သော ဇွန်လ ၄ ရက် သန်းခေါင်ယံအချိန်တွင် တည်ဆဲဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ ကလေးခရိုင်စီမံခန့်ခွဲမှု ကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့မှ မတရား သိမ်းဆည်းပြီး စက်ယန္တယား ကြီးများဖြင့် ကျူးကျော်ဖျက်ဆီးခြင်း ကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် တောင်ဖီလာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဦးဆောင်ပြီး ယခုကဲ့သို့ လမ်းမပေါ်ထွက်ဆန္ဒဖော်ထုတ် ရခြင်းဖြစ်သည်ဟု တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံ ဥက္ကဌ ဒေါက်တာ ရာလ်မှုန်းက ပြောသည်။
“ကျနော်တို့ချင်းလူမျိူးတွေ ချင်းခရစ်ယာန်ဘာသာဝင်တွေကို စော်ကားတယ်လို့ ခံစားတယ် ကျနော်တို့ထုံးစံမှာလည်း ရှိတယ်။ ဘိုးဘွားအမွေဆိုတာ ထိပိုင်ခွင့်မှ မရှိတာ၊ ပြီးတော့ ဒါက ဘာသာရေးမြေဆိုပြီး သတ်မှတ်ထားတဲ့အရာလည်းဖြစ် တယ်၊ ဒီဖြစ်ရပ်အပေါ် ကျနော်တို့အားလုံးကလည်း မကျေမနပ်ဖြစ်ကြတယ်၊ ဒါကြောင့် ဥပဒေဘောင်တွင်းကနေ ငြိမ်း ချမ်းစွာ ဆန္ဒဖော်ထုတ်တာဖြစ်တယ်’’ ဟု ဒေါက်တာ ရာလ်မှုန်းကပြောသည်။
တောင်ဖီလာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ အသင်းသူအသင်းသားများနှင့် ဒေသခံချင်းပြည်သူ ၅၀၀ ကျော်တို့သည် ဇွန် ၂၉ မွန်းလွဲပိုင်း ၁ နာရီ တွင် ေ တာင်ဖီလာ နှစ်ခြင်း ဘုရားကျောင်းမှစတင်ကာ ဘာသာရေးသချင်္ူိင်းမြေအား မတရားသိမ်း ဆည်းခြင်း၊ ဖျက်ဆီးခံရခြင်းအား ဆန့်ကျင်ကန့်ကွက်သော စာတမ်းများကို ကိုင်ဆောင်လျက်၊ ကြွေးကြော်သံများ ဟစ်ကြွေး၍ ဗိုလ်ချူပ်လမ်းကြီးအတိုင်း ချီတက်ခဲ့ကြပြီး စန်းမြို့ ဘုန်းကြီးကျောင်းလမ်းကြားမှတဆင့် တောင်ဖီလာ ဘာသာ ရေးသချင်္ူိင်းမြေအထိ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
တောင်ဖီလာအရပ်ဒေသသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ၁၉၁၄ ဒီဇင်ဘာလ ၂၄ ရက်တွင် ချင်းတိုင်းရင်းသားများ ဖြစ်ကြသော ဦးလှိုင်မှူန်း နှင့် အခြားမိသားစု ၈ စုတို့မှ တောကြီးမျက်မည်းအား ရှင်းလင်းကာ ရွာတည်နေထိုင်ခဲ့ကြပြီး၊ ယခု ဖျက်ဆီးခံရသော သချင်္ူိင်းမြေသည်လည်း ထိုစဉ်ကတည်းက အသုံးပြုလာခဲ့ကြသော သချင်္ူိင်းဖြစ်သည်။
ယင်းသင်္ချိူင်းမြေကို ပုံစံ ၁၀၅ (က)အရ ဘာသာရေးသချင်္ူိင်းမြေအဖြစ် ၁၉၇၀ ခုနှစ်က တရားဝင်သတ်မှတ်ထားသည့် မြေဖြစ်ပြီး ယနေ့ချိန်ထိ ပုံစံ၁၀၅(က)(Land Record 105(A)) လည်းရှိသေးသည်ဟုသိရသည်။
သို့သော်လည်း မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ခရိုင်စီမံခန့်ခွဲရေးကော်မတီတို့မှ အဆိုပါသချင်္ူိင်းမြေအား စည်ပင်ပိုင်နယ်မြေဖြစ် သည်ဟုဆိုကာ သိမ်းယူပြီး ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံတည်ဆောက်ရန်စီစဉ်ခဲ့ကြသည်။
ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့အနေဖြင့် တိုင်းရင်းဆေးရုံတည်ဆောက်မည့် အစိုးရအစီစဉ်ကို ကန့်ကွက်ခြင်း မဟုတ်ကြောင်း၊ မိမိတို့ ဘိုးဘွားပိုင် သချင်္ူိင်းမြေပေါ်တွင် အများပြည်သူအကျိုးပြုစေမည့် အားကစား၊ စာသင်ကျောင်း၊ ပန်းခြံနှင့် တောင်ဖီလာ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အုတ်ဂူများထားရှိရန် စီစဉ်ထားကြသည့်အတွက် အစိုးရ၏ စီမံကိန်းများကို အခြားမြေလွတ်များတွင် သာ ဖော်ဆောင်ကြသင့်ကြောင်း ဒေါက်တာရာလ်မှုန်းကပြောသည်။
“သူတို့ စီမံကိန်းလုပ်ချင်တယ်ဆိုလို့ရှိရင် မြေလွတ်တွေအများကြီးရှိပါတယ် ကျနော်တို့ ဘာသာရေး ဘိုးဘွားတွေပိုင်တဲ့ မြေမှာမလုပ်ဘဲနဲ့ပေါ့နော်၊ စီမံကိန်း လုပ်တယ်ဆိုတာ ကျနော်တို့ကြိုက်ပါတယ်၊ ကောင်းတဲ့အလုပ်ပဲ ဒါပေမယ့် ကျနော်တို့လည်း ကိုယ့်သချင်္ူိင်းမြေမှာ ကိုယ့်အစီအမံနဲ့ကိုယ် လုပ်ဆောင်ချင်တဲ့ အစိတ်အပိုင်းအများကြီးရှိကြတယ်၊ အရင်တုန်းကလည်း မြေသိမ်းကြတယ် သုံးလေး နှစ်လောက်ကြာရင်ပျောက်သွားတယ် အဲဒီမြေတွေက ဘယ်သူ့လက်ထဲ ရောက်သွားလဲ၊ ခုကိစ္စလည်း ဒီတိုင်ပဲလာမှာပဲ ဒါကြောင့် ကျနော်တို့အသင်းတော်တွေ ရပ်ရွာကနေပိုင်ပြီးမှ ဆက်လက်ထိန်းသိမ်းမယ်ဆိုရင် ပျောက်စရာ အကြောင်းလည်း မရှိဘူး။ ကျနော်တို့အနေနဲ့ အများအကျိူးတွက် ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်၊ အစိုးရစီမံကိန်းတွေကို အစိုးရပိုင်တဲ့ မြေပေါ်မှာ လုပ်ပေါ့ ကျနော်တို့ဘာသာရေးနှင့် ပတ်သက်တဲ့ မြေပေါ်မှာတော့ ကျနော်တို့ဘာသာရေးနှင့် မျိူးနွယ်စုတွေကပဲ လုပ်နိုင်ဖို့ ဖြစ်စေချင်ပါတယ်’’ ဟု ဒေါက်တာ ရာလ်မှုန်းကပြောသည်။







