တောင်ကြီး နိုင်ငံကူးလက်မှတ် (Passport) ကျပ် ၃ သိန်းထိဈေးပေါက်

တောင်ကြီး နိုင်ငံကူးလက်မှတ် (Passport) ကျပ် ၃ သိန်းထိဈေးပေါက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် နိုင်ငံကူးလက်မှတ်လက်မှတ် (Passport) တအုပ်လျှင် ကျပ် ၃သိန်းထိ စျေးပေါက်ကြောင်း သတင်းရရှိသည်။

အဆိုပါ Passport နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက် ပွဲစားငှားယူရပြီး အမြန်လိုလျှင်လိုသလို ငွေအများ ပေးဆောင်ရကြောင်း သိရသည်။

“ သူက အမြန်လိုချင်ရင် လိုသလိုပေးရတာ။ ပွဲစားငှားပြီးလုပ်ရတာပေါ့။ အချိန် ၁ ပတ်ပဲစောင့်ရင် ၃ သိန်းပေးရတယ်။ ၂ ပတ်စောင့်မယ်ဆိုရင် ၁သိန်းခွဲပေးရတယ်။ ကိုယ်တိုင်လုပ်ရင်တော့ အကြာကြီး စောင့်ယူရတယ်” ဟု Passport ကိုင်တိုင်သွားလုပ်ခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။

အဆိုပါ ပက်စပိုစ့်လုပ်ရန်အတွက် ကိုယ်တိုင်လုပ်ယူပါက တိုကင် နံပါတ်ရရန်အချိန် ၁ လ ကျော်ကြာစောင့် ယူရပြီး စာအုပ်ရရန်အတွက် အချိန် ၃လကျော်ထိထပ်မံစောင့်ယူရကြောင်း သိရသည်။

“ ပက်စပိုစ့်ကို ကိုယ်တိုင်သွားလုပ်ရင်တော့ တိုကင်း နံပါတ်ရဖို့ ၁ လလောက်စောင့်ရတယ်။ စာအုပ်ရဖို့အထိဆိုရင် အကြာကြီးစောင့်ရတယ်။ ၃ လ ၄ လလောက်စောင့်ရတယ်။လုပ်တဲ့သူတွေက အရမ်းများတယ်လေ။ တရက်ကို အယောက် ၁၀၀ ကျော်လောက်ရှိမယ်ထင်တယ်။ ပြီးတော့ လုပ်တဲ့သူတွေကလည်း လူငယ်တွေများတယ်။ ” ဟု နိုင်ငံကူးလက်မှတ်လုပ်သည့်လူငယ်က ပြောသည်။

အလားတူ လက်ရှိတွင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး နှင့် စီးပွားရေး မကောင်းသောကြောင့် ပြည်တွင်းမှ ထွက်ခွာလာသူများကလည်း များပြားလျက်ရှိကြောင်း သိရသည်။

“ ဒီနိုင်ငံမှာနေလည်း ဘာမှ မထူးဘူးလေ။ ရှာဖွေစားသောက်ဖို့ကလည်းခက်တယ်။ ပိုက်ဆံရှာရတာလည်း အရင်လို မလွယ်တော့ဘူး။ စီးပွားရေးလည်း မဖြစ်တော့ဘူး။ အဲကြောင့်မလို့ နိုင်ငံခြားမှာ သွားရှာပြီးနေချင်တာ” ဟု လဲချားမြို့ အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

သို့သော် နိုင်ငံကူးလက်မှတ် လုပ်ရန်အတွက် ငွေအများကုန်ရသောကြောင့် အချို့ ပြည်သူများကလည်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် လာရောက်ပြီး အလုပ်သမားကဒ်များလာလုပ်ပြီး နေထိုင်ကြကြောင်းသိရသည်။

ယခင် အာဏာမသိမ်းခင်တွင် နိုင်ငံကူးလက်မှ်လုပ်ရန်အတွက် ၅ သောင်းထိသာကုန်ပြီး လက်ရှိ ၃ သိန်းထိဈေးမြင့်တက်လာကြောင်းသိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...