ဘုတ်ပြင်း ရဲစခန်းမှ ထွက်ပြေးသော အချုပ်သား ၆ ဦး ပြန်ဖမ်းခံရ

ဘုတ်ပြင်း ရဲစခန်းမှ ထွက်ပြေးသော အချုပ်သား ၆ ဦး ပြန်ဖမ်းခံရ

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားများ ထွက်ပြေးသွားပြီးနောက် ၆ ဦး ပြန်လည် ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံများက ပြောသည်။

ရဲစခန်းထဲတွင် PDF များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံထားရသူ တစ်ဦး နှင့် CDM ရဲတပ်သား တစ်ဦးတို့အ ပါအဝင် အချုပ်သား ၁၂ ဦးက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားခဲ့ကြရာကနေ ပြန်လည် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဘုတ်ပြင်းမြို့ခံ အမျိုးသားတစ်ဦးက “မနက် အစောကြီး ၃ နာရီလောက် ကတည်းက ထူးထူးခြားခြားစစ်သား တွေရော ရဲတွေပါ တမြို့လုံးနေရာ အနှံ့ရှာဖွေနေကြတာ။ မနက်မိုးလင်းမှ အချုပ်ဖောက် ပြေးတယ်ဆိုတာ သိရ တယ်” ဟု ပြောသည်။

ဘုတ်ပြင်း မြို့မရဲစခန်း က အချုပ်သား ၁၂ ဦးဟာ နိုဝင်ဘာလ ၂၁ ရက်နေ့ညက အချုပ်ခန်းဖောက်ပြီးထွက်ပြေး သွားကြခြင်း ဖြစ်သည်။

ထွက်ပြေးသွားသူများ အနက် ၆ ဦး ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး ၆ ဦးမှာမူ လက်ရှိအချိန်ထိ

လွတ်မြောက်နေဆဲဖြစ်သည်ဟု အသက် ၄၅ နှစ်အရွယ် ရဲစခန်းအနီး နေထိုင်သူ ဘုတ်ပြင်းမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။

ပြန်လည် ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြင်းအထန် ရိုက်နှက်ပြီး ဒရွတ်တိုက်ဆွဲခေါ် သွားသည်ကိုလည်း မြင်တွေ့ရသည်ဟု မြို့ခံများက ပြောသည်။

ထို့အပြင် ဘုတ်ပြင်းမြို့အတွင်းရှိ ရပ်ကွက်များနှင့် လမ်းဆုံများတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များကတင်း ကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

အလားတူ ဘုတ်ပြင်းမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ က အင်အားအလုံး အရင်းဖြင့် ပိုက်စိပ်တိုက် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်လျက် ရှိနေသည်ဟု ဒေသခံများက ပြောသည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...