KNU ကော်ဘရာ စစ်ကြောင်းက လူ ၃၀ ကျတယ်ဆိုပြီး သတင်းမှားဖြန့်

KNU ကော်ဘရာ စစ်ကြောင်းက လူ ၃၀ ကျတယ်ဆိုပြီး သတင်းမှားဖြန့်

နိုဝင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Cobra Column က စနိုက်ပါသမား အယ်မူး အပါအဝင် အယောက် ၃၀ ကျော် ကျဆုံးသွားတဲ့အပြင် စစ်ကြောင်းမှူး ဗိုလ်ဒါဘောလည်းကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ် ဆို တဲ့ သတင်းအမှားတစ်ခုကို InnWa News ဆိုတဲ့ Facebook စာမျက်နှာက နိုဝင်ဘာလ ၂၃ ရက်နေ့က တင်ထားပါ တယ်။

Screen Shoot ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး အခုလို ရေးတင်ထားတာပါ။

InnWa News က “Cobra စစ်ကြောင်းဆိုပြီး စမာန်တက်ပြီး ဖုန်ထနေတာ..မနေ့က ရွှေဘတို့ တစ်ကွက်ပဲပြလိုက်ရသေးတယ်။ Cobra အဖွဲ့က တာပေါရဲ့ ညီမ စနိုက်ပါမဆိုလား စနိုက်ကျော်မဆိုလား အဲမူလို့ အမည်တွင် တဲ့ ကောင်မအပါအဝင် ၃၀ နီးပါးလောက်ဂိန်တောင်လို့တောင်မအော်နိုင်ဘူး..ဒါတင်လားဆိုတော့ မဟုတ်သေး ဘူး တိုက်ပွဲဖြစ်ရင်အလှဓာတ်ပုံလေးတွေရိုက်ပြီး စတိုင်ပြနေတဲ့ တာပေါ ဆိုလား ပေါတာ (ပေါတောတော ကောင်) ဆိုလား အဲဒီကောင်ပါ လက်တွေ ဖျင်တွေ ကျည်တွေ ဖြတ်မှန်ထားလို့ ခုတော့ စင်သီယာမောင် ဆေးခန်း မှာ ဓာတ်ပုံ တောင်မရိုက်နိုင်ဘူးတဲ့ ...ဟဲဟဲ နောက်ဆုံးတော့ ရွှေဘက ရွှေဘပါပဲ” ဆိုပြီး (မူရင်း အရေးအသား အတိုင်း) ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Cobra Column က စနိုက်ပါသမား အယ်မူး အပါအဝင် စုစုပေါင်း ၃ ယောက်ပဲ ကျ ဆုံးခဲ့တာကို အယောက် ၃၀ ကျဆုံးခဲ့တယ်ဆိုပြီး လိမ်ညာ ရေးသားထားလို့ပဲ ဖြစ်ပါတယ်။

အဲဒီနေ့က တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ ကရင်သတင်းဌာနတစ်ခု ဖြစ်တဲ့ KIC က စစ်မြေပြင်က သတင်းအရင်းအမြစ်တွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းတွေထဲမှာဆိုရင် ထောက်ပို့ရဲမေ ၂ ဦးအပါအဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ စစ်မြေပြင်က သတင်းအရင်းအမြစ်က ပြောဆိုထားပါတယ်။

စစ်မြေပြင်က သတင်းအရင်းအမြစ်တစ်ဦးက “မနေ့က KNLA ပူးပေါင်းအဖွဲ့တွေက ဘလယ်ဒို ရွာနားကDKBA ဝါးတားဂိတ် နေရာဟောင်းနားမှာ စစ်တပ် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ ရှေ့တန်းကရင်ရဲဘော်တွေကို ရိက္ခာပို့ပြီး ပြန်လာတာမှာ ကားပေါ် ပါတဲ့ ရဲဘော်တချို့ ထိကုန်တယ်၊ ထောက်ပို့ရဲမေ ၂ ဦး အပါအ၀င် ရဲဘော် ၃ ယောက်ကျတယ်လို့တော့ ကနဦး သိရတယ်၊ ကျန်တဲ့သူတွေ ၄ ဦးဒဏ်ရာရနေတာရှိတယ်၊ တိုက်ပွဲက ပြင်း ထန်တယ်။ ထိခိုက်တာတွေကတော့ နှစ်ဘက်စလုံး ရှိနေတယ်”ဆိုပြီး KIC ကရင်သတင်းဌာနကို ပြောဆိုထားပါ တယ်။

KIC က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3gyILXO တွေ့နိုင်ပါတယ်။

MeKong News - မဲခေါင်သတင်း က ကော်ဘရာ စစ်ကြောင်းက ရဲဘော်တစ်ဦးကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းထဲမှာဆိုရင်လည်း အဲဒီရဲဘော်က “တိုက်ခိုက်မှုဖြစ်ချိန် ကားပေါ်မှာ ကော်ဘရာတပ်ဖွဲ့ဝင် ၁၂ ဦးလိုက်ပါ လာပြီး၊ တိုက်ခိုက်ခံရလို့ ကားမှောက်သွားတဲ့အချိန်မှာ ၅ ဦးက ထွက်ပြေးနိုင်ခဲ့တယ်၊ကျန်ခဲ့တဲ့ ၇ ဦး နဲ့စစ် ကောင်စီက မျှားခေါ်တယ်။ မိုင်းတွေဆင်ထားတယ်။ ကော်ဘရာစစ်ကြောင်းဘက်က ရဲဘော်တွေကိုကယ် ထုတ် ဖို့လုပ်တဲ့အချိန် အယောက် ၁၀၀ လောက် ဝိုင်းပစ်တာ ခံခဲ့ရတယ်။ မနေ့က ညပိုင်းမှာ ကယ်ထုတ်ဖို့ ကြိုးစားပေ မယ့်မ အောင် မြင်ခဲ့ပေမယ့်၊ မနက်ပိုင်းမှာတော့ ကျန်ရှိတဲ့သူတွေကိုနဲ့ ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးတဲ့ ရဲဘော် တွေရဲ့ Dead Body တွေကို သယ်ထုတ်နိုင်ခဲ့တယ်” ဆိုပြီး ပြောဆိုထားပါတယ်။

အဲဒီတိုက်ပွဲမှာ ကော်ဘရာ စစ်ကြောင်းက ရဲဘော် ၃ ဦးဖြစ်တဲ့ အယ်မူး၊ ကရင်မနဲ့ ကျော်ကြီးတို့ဟာ တိုက်ပွဲ အတွင်း ကျဆုံးသွားခဲ့ တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဗိုလ်ဒါဘော ထိခိုက်ဒဏ်ရာ ရရှိတယ်ဆိုတာကလည်း မဟုတ်မှန်ဘူးဆိုတာနဲ့ တာဝန်ထမ်း ဆောင်နေဆဲ ဖြစ်တယ်ဆိုပြီး ပြောဆိုထားပါတယ်။

MeKong News - မဲခေါင်သတင်းက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3gEwvFc ဝင်ဖတ်လို့ ရပါ တယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ InnWa News ဆိုတဲ့ Facebook စာမျက်နှာက မြေ ပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အချက်အလက်တွေကို အခြေမခံမပဲ ဝါဒဖြန့်ဖို့အတွက်အချက်အလက်အမှားတွေကို လုပ် ကြံဖန်တီးပြီး လိမ်ညာ ရေးသားထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...