မိုးကောင်းမြို့နယ် ၊ လေးမိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး လင်မယားကို PDF မှ ဝင်ရောက်ဖမ်းဆီးစဉ် အုပ်ချုပ်ရေးမှူး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူကို ဖမ်ဆီးသွား

မိုးကောင်းမြို့နယ် ၊ လေးမိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး လင်မယားကို PDF မှ ဝင်ရောက်ဖမ်းဆီးစဉ် အုပ်ချုပ်ရေးမှူး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူကို ဖမ်ဆီးသွား

မိုးကောင်းမြို့နယ် ၊ လေးမိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး လင်မယားကို  မနေ့ ညက PDF ကနေ ဝင်ရောက်ဖမ်းဆီးတဲ့အချိန် အုပ်ချုပ်ရေးမှူး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူကိုတော့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၂၃) ရက်နေ့ ည (၇) နာရီ (၁၅) မိနစ်အချိန်မှာ လေးမိုင်အုပ်ချုပ်ရေးမှူး ဥက္ကဌ ဦးအောင်ဆန်းဦးနဲ့ ဇနီးဖြစ်သူ ဒေါ်သီတာတို့ကို ဝင်ရောက်ဖမ်းဆီးခဲ့ချိန် အုပ်ချုပ်ရေးမှူး ထွက်ပြေး လွတ်မြောက်သွားပြီး ဇနီးဖြစ်သူကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဆိုင်ကယ်နဲ့လာတာ။ ဆိုင်ကယ်နှစ်စီး။ အဲဒါနဲ့ ၄ မိုင်အုပ်ချုပ်ရေးမှူး အိမ်ရောက်တော့ သေနတ်နဲ့ ဝင်ပစ်သွားတာ။ ဒါပေမယ့် သေနတ်မထိဘူးတဲ့။ အဲဒါနဲ့ထွက်ပြေးသွားတာတဲ့ ၄ မိုင်အုပ်ချုပ်ရေးမှူးက။ ထွက်ပြေးသွားတဲ့ အခါကျတော့ ရှိတဲ့ သူ့မိန်းမကို ခေါ်သွားလိုက်တာတဲ့။”လို့ ဆိုပါတယ်။

လေးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး နဲ့ ဇနီးဖြစ်သူ တို့ဟာ စစ်ကောင်စီ သတင်းပေး ဆောင်ရွက်နေသူတွေ ဖြစ်တာကြောင့် ဖမ်းဆီးခဲ့ရခြင်းဖြစ်တယ်လို့ မိုးကောင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ UG Black K က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၆)ရက်နေ့ ညကလည်း လေးမိုင်ကျေးရွာက ကျောင်းထိုင်ဆရာတော်ကို အမည်မသိ လက်နက်ကိုင် တစ်ဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ နေရာမှာတင် ပျံလွန်တော်မူခဲ့ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...