ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး ချုပ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး ချုပ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD) ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ဦးတင့်စိုးဟာ ချုပ်ရက်စေ့ပြီဖြစ်လို့ မနေ့က မိုးညှင်းအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။

ဦးတင့်စိုးကို စစ်ကောင်စီက လုံးခင်းကျေးရွာက သူ့ရဲ့နေအိမ်ကနေ အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်း ခဲ့တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲဆိုကာ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပြီး မနေ့ နိုဝင်ဘာ ၂၂ ရက်နေ့က လွတ်ရက်စေ့ပြီဖြစ်တာကြောင့် မိုးညှင်းအကျဉ်းထာင်ကနေ လွတ်မြောက်လာတာဖြစ်တယ်လို့ ဦးတင့်စိုးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။“ မနေ့က မနက် (၁၀) နာရီလောက်က လွတ်လာတာပါရှင့်။ ဟုတ်ကဲ့ရှင့် ရက်စေ့လို့ရှင့်။” လို့ ဆိုပါတယ်။

ဦးတင့်စိုးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ ရသူဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း ပြည်နယ်လွှတ်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိထားသူလည်း ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်းက ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၉၀ ဦး ရှိတယ်လို့ NLD ပါတီဗဟိုက ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...