ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာပေါင်း ၃၀ကျော် ဖုန်းလိုင်းပြတ်တောက်မှုများဖြစ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာပေါင်း ၃၀ကျော် ဖုန်းလိုင်းပြတ်တောက်မှုများဖြစ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းကျေးရွာပေါင်း ၃၀ ကျော်တွင် ပြီးခဲ့သည့် အောက်တိုဘာလမှ ယနေ့အချိန်ထိ ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ၎င်းဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိကြိတ်ကျေးရွာ‌ဒေသဘက်တွင် ဖုန်းလိုင်းများ ကနဦး ပြတ်တောက်ခဲ့ပြီး အောက်တိုဘာလ ၂၉ရက်နေ့မှစ၍ ကော့ကရိတ်မြို့နယ်တောင်ပိုင်း ကျေးရွာအားလုံးနီးပါး ပြတ်တောက်ခံလိုက်ရကြောင်း ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိလန်းဖားကျေးရွာဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ကျိုက်ဒုံဘက် ဖုန်းလိုင်း အရင်ပျက်တယ်။ ‌ပြီးခဲ့လအောက်တိုဘာလ ၂၉ရက်နေ့မှစပြီး ကျေးရွာအားလုံး ဖုန်းလိုင်း ပြတ်တောက်သွားတယ်။ မြို့နဲ့နီးတဲ့ရွာတွေလောက်ပဲဖုန်းလိုင်းရတော့တယ်။ ဖုန်းလိုင်း ပြတ်တောက်တာ ကျေးရွာ ၃၀ရွာကျော်လောက်ရှိတယ်။ ”ဟု ကေအိုင်စီသို့ပြောသည်

အဆိုပါ ဒေသများတွင် တိုက်ပွဲများမကြာခဏဖြစ်ပွားနေသဖြင့် ဒေသခံများအနေဖြင့် သွားလာရေးလမ်း‌ကြောင်းအ‌ခြေအနေတွင် ဖုန်းဖြင့်သာဆက်သွယ်‌မေးယူပြီး သွားလာနေကြရသောကြောင့် ယခုလို ရက်အတန်ကြာ ဖုန်းလိုင်းများ ပြတ်တောက်နေ၍ သွားလာရေးတွင် လုံခြုံရေးအတွက် စိုးရိမ်စိတ်ဖြင့် သွားလာ‌နေရကြောင်း ၎င်းဒေသခံများကပြောသည်။

ကော့ကရိတ်မြို့သို့ စျေးလာဝယ်ယူသည့် ကော့ကရိတ်တောင်ပိုင်းရှိ ဒေသခံတစ်ဦးကလည်း “ဒီနေ့လည်း လက်နက်ကြီးသံတွေကြား နေရတယ်။ ဖုန်းလိုင်းရှိရင် လမ်း‌ကြောင်းအခြေအနေတွေ မေးလို့ရတာပေါ့။ အခုတော့ ကော့ကရိတ်မြို့ထဲသွားရင်း၊ မေးရင်း၊ နားထောင်ရင်းပဲစိုးရိမ်စိတ်နဲ့သွားလာနေရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်ေ မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲများဖြစ်ပွားနေသလို ၎င်းဒေသရှိ ဖုန်းတာဝါတိုင်များအား လည်ပတ်ပေးနေသည့် စက်ယန္တရားများကို ဆီသွားဖြည့်ရန် အခက်အခဲကြောင့် ယခုလို ဖုန်းလိုင်းများပြတ်တောက်နေရကြောင်း ဒေသခံများက ဆိုသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...