တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် မိုးမောက်မြို့ပေါ်က စာသင်ကျောင်းများ ပြန်ဖွင့်

တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် မိုးမောက်မြို့ပေါ်က စာသင်ကျောင်းများ ပြန်ဖွင့်

လုံဂျာတောင်ခြေဘက်မှာ တိုက်ပွဲစတင်ဖြစ်ပွားကတည်းက ပိတ်ထားခဲ့ရတဲ့ မိုးမောက်မြို့ပေါ်က စာသင်ကျောင်းတွေ နိုဝင်ဘာလ (၂၁) ရက်နေ့က  ပြန်ဖွင့်နေပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ဝဝမ်ကျေးရွာအနီးက လုံဂျာတောင်ခြေမှာ အောက်တိုဘာလ (၂၂) ရက်နေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ အချိန်ကနေ မိုးမောက်မြို့ပေါ်က ကျောင်းတွေ တစ်လကြာ ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အားလုံး ပြန်ဖွင့်နေပြီဖြစ်တယ်လို့ မိုးမောက်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ အားလုံး မိုးမောက်က အထက ကျောင်းကြီးတွေ အားလုံးဖွင့်ပြီ ။ ကျောင်းကဖွင့်ပါ တက်လို့ရတယ်လို့ ပြောတာတဲ့။ ဖြစ်နိုင်ရင် မိဘတွေ တစ်နေကုန်သွားစောင့်နေရင် ပိုကောင်းမယ်ပေါ့။ ပြောရမယ်ဆိုရင် အရမ်းဖွင့်လို့ရလို့ ပုံစံတော့မဟုတ်ဘူး။စိုးရိမ်တာက အခု နိုင်ငံရေးက မငြိမ်သေးတော့ ဘယ်ချိန်ဘယ်လိုဖြစ်မယ် ကျွန်မတို့ မိဘတွေစိတ်ညစ်ရတယ်။ “လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

ကျောင်းသားမိဘတွေကိုယ်တိုင် ကလေးတွေကို အကြိုအပို့ ပြုလုပ်နေတဲ့အပြင် နိုင်ငံရေး အခြေအနေ မကောင်းသေးတာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ကျောင်းတွေအားလုံး ပြန်ဖွင့်ပေမယ့် ကျောင်းသွားတဲ့ ကျောင်းသူ/သားဦးရေတော့ သိပ်မများသေးဘူးလို့ နောက်ထပ် မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

“ ကလေးတွေအများစုက မသွားကြသေးဘူး။သုံးပုံကနေ တစ်ပုံဝက်လောက်ပဲ သွားသေးတယ်။ သေနတ်သံ မမြည်လာတော့ ပြန်ဖွင့်လာတဲ့ အခြေအနေဖြစ်မယ်။ စစ်သားတွေလည်း လှုပ်ရှားတာသိပ်မရှိလာတော့ ပြန်ဖွင့်ကြည့်တာ ဖြစ်မယ်။မိဘတွေကတော့ ကလေးတွေလုံခြုံမှုမရှိသေးလို့ သူတို့ကိုယ်တိုင် သွားကြိုကြတယ်။ လမ်းတွေမှာ ဘယ်လိုဖြစ်မယ်ဆိုတာမသိတော့ မိဘတွေကိုလည်း လာကြိုကြဖို့လည်းပြောတာပေါ့။ “ လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဝဝမ်၊လုံဂျာနဲ့ နောင်ပေါင်းကျေးရွာကဒေသခံတွေ မိုးမောက်မြို့ပေါ်က စစ်ရှောင်စခန်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးတွေဟာ မြို့ပေါ်လမ်းနဲ့ စာသင်ကျောင်းရှေ့တွေမှာ ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့တာကြောင့် မိုးမောက်ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတာပါ။

ပုံဟောင်းဖြစ်ပါသည်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...