ULA/AA ၏ ဆဋ္ဌမအကြိမ်သတင်းစာရှင်းလင်းပွဲ နိုဝင်ဘာ ၂၈ ရက်နေ့ ကျင်းပမည်

ULA/AA ၏ ဆဋ္ဌမအကြိမ်သတင်းစာရှင်းလင်းပွဲ နိုဝင်ဘာ ၂၈ ရက်နေ့ ကျင်းပမည်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့် နိုဝင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည်ဟု ULA/AA က ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ယင်းနေ့နံနက် ၁၀ နာရီတွင် ULA/AA ၏ ယခင်ကပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲများနည်းတူ ရက္ခိုင်ဘာသာစကားဖြင့်သာ ပြောဆိုရှင်းလင်းသွားမည်ဟုဆိုသည်။

သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လိုသည့်သတင်းထောက်များအနေဖြင့် (https://forms.gle/9FkNHENUvZ9R1sMp9) လင့်ခ်တွင် ဦးစွာ ဝင်ရောက် စာရင်းသွင်းရမည်ဖြစ်ပြီး စာရင်းသွင်းထားသော သတင်းထောက်များကိုသာ သတင်းယူခွင့်ပြုမည်ဟု သိရသည်။

သတင်းသမားတစ်ဦးစီကို ကြိုတင်မေးခွန်း (၂) ခု ခန့်သာ မေးမြန်းခွင့်ပြုမည်ဖြစ်ပြီး မေးမြန်းလိုသောမေးခွန်းများကို နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၉ နာရီနောက်ဆုံးထား၍ [email protected] သို့ ပေးပို့ရမည်ဟု သိရသည်။

ULA/AA ၏သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့်မတ်လ ၅ ရက်မှစတင်ကာ ပထအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်မြောက်ဖြစ်သည်။

ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲများတွင် ULA/AA ကကိုင်တွယ်ဖြေရှင်းနေရသည့် စစ်ရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစသည့်ကဏ္ဍများနှင့်ပတ်သက်ပြီး သတင်းထောက်များသိလိုသည်များကို ULA/AA ၏ပြောခွင့်ရသူ ဦးခိုင်သုခက တာဝန်ယူဖြေကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ပဥ္စမအကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင် ULA/AA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်လည်း ကိုယ်တိုင် ဝင်ရောက်ဖြေဆိုခဲ့သည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...