တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှု၍ဟုဆိုကာ စစ်ကောင်စီက AA တပ်ဖွဲ့ဝင် ၁၇ ဦး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၄၁ ဦးကိုလွတ်ငြိမ်းခွင့်ပေး

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှု၍ဟုဆိုကာ စစ်ကောင်စီက AA တပ်ဖွဲ့ဝင် ၁၇ ဦး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၄၁ ဦးကိုလွတ်ငြိမ်းခွင့်ပေး

မြန်မာသက္ကရာဇ်၁၃၈၄ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်) တွင် ကျရောက်သည့် အမျိုးသား အောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှု၍ AA တပ်ဖွဲ့ဝင် ၁၇ ဦး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင် ၄၁ ဦးကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေးကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်တွင် ရက္ခိုင့်တပ်တော် (AA) က ၁၇ ဦး၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ၁၇ ဦး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ၅ ဦးနှင့် ကရင်အမျိုးသား အစည်းအရုံးက KNU/KNLA က ၂ ဦးပါဝင်သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်တွင် “နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ်၁၃၈၄ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်) တွင် ကျရောက်သည့် အမျိုးသား အောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်။” ဟုပါရှိသည်။



May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...