ရခိုင်အကျဉ်းထောင်များမှ လူပေါင်း ၁၉၄ ဦးလွတ်မြောက်လာ

ရခိုင်အကျဉ်းထောင်များမှ လူပေါင်း ၁၉၄ ဦးလွတ်မြောက်လာ

ရခိုင်ရှိအကျဉ်းထောင် ၄ ခုမှ အကျဉ်းသား ၁၉၄  ဦးကို စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်  လွှတ်ပေးခဲ့ပြီး ထိုအထဲတွင် စစ်တွေထောင်က ၇၁ ဦးကို ယနေ့ ညနေပိုင်းက တစ်သုတ်ပြီး တစ်သုတ် လွှတ်ပေးခဲ့သည်ဟု သိရသည်။

ရခိုင် အကျဉ်းထောင် ၄ ခုမှ လွှတ်ပေးမည့်သူများမှာ စစ်တွေထောင်က ၇၁ ဦး ၊ ကျောက်ဖြူထောင်က ၃၁ ဦး ၊ သံတွဲထောင်က ၇၆ ဦး၊ ဘူးသီးတောင်ထောင်က ၁၆ ဦးဖြစ်ကြောင်း သိရသည်။

ထောင်ဗူးသို့ သွားရောက်ခဲ့သူ တစ်ဦးက”စစ်တွေထောင်က လူတွေ ညနေပိုင်းမှာ လွတ်လာတာကို တွေ့ရပါတယ်။  စုစုပေါင်း ၇၁ ဦးလို့ ထောင်အရာရှိ တစ်ဦးက ပြောပါတယ်။ ပြည်နယ် တစ်ခုလုံးကတော့ ၁၉၄ ဦး လွတ်လာတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် အေအေနှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီး ထောင်ချခံထားရသူ အများအပြားရှိရာ ထိုအထဲက မည်မျှလွှတ်မြောက်လာသည်ကို မသိရှိရသေးဟု၎င်းက ပြောဆိုသည်.။

စစ်ကောင်စီက ယနေ့ အမျိုးသားနေ့တွင် အကျဉ်းသား ၅၇၇၄ ဦး လွှတ်ပေးပြီး ယင်းအထဲတွင် နိုင်ငံရေး အကျဉ်းသား ၇၀၀ ခန့် ပါဝင်ကြောင်း သိရှိရသည်။

ယနေ့ အာဏာသိမ်းစစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများအထဲတွင်  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ ရွှေညဝါ ဆရာတော်ဦးပညာသီဟနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဒေါက်တာမျိုးညွန့်တို့ ပါဝင်သည်ဟု သိရသည်။

နောက်ထပ် လွတ်ငြိမ်းချမ်းသာထဲတွင် ပါသူများမှာ  ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်(သြစတေးလျ)၊ ဗြိတိန်သံအမတ်ဟာင်း ဗစ်ကီဘိုးမန်း ၊မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဂျပန်နိုင်ငံသား တိုရူကူဘိုတာ၊ အမေရိကန်နိုင်ငံသား ကျော်ဌေးဦးတို့ပါဝင်ပြီး ဗစ်ကီဘိုးမန်း၏ အမျိုးသား ဖြစ်သူ ပန်းချီထိန်လင်းနှင့်  ဟာသသရုပ်ဆောင် ဆင်မတို့လည်းပါဝင်သည်။

NLDလက်ထက် အဂတိမှုနဲ့ထောင်ဒဏ်ချမှတ်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်၊ ဝန်ကြီးဦးကျော်တင့်ဆွေ၊ဦးသန်းဌေးတို့လည်း လွတ်မြောက်တဲ့ထဲပါဝင်ပြီး  ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲ ခံထားရသည့် အနုပညာရှင်(၁၁)ဦးကိုလည်း အမှုပိတ်သိမ်းခဲ့သည်ဟု သိရသည်။  

၅၀၅(က)ကနေ အမှုပိတ်သိမ်းပေးလိုက်သူများမှာ  ဘုန်းသိုက်၊ ဖွေးဖွေး၊ ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ စုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်းဝတီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာ တို့ ဖြစ်ကြသည်။

July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...