တောင်ကလေး အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၄ ဦးအား စစ်ကောင်စီ လွှတ်ပေး

တောင်ကလေး အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၄ ဦးအား စစ်ကောင်စီ လွှတ်ပေး

၁၀၂ ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ဟုဆိုကာ အာသိမ်းစစ်ကောင်စီမှ အကျဉ်းသား ၅,၇၇၄ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလွတ်ပေးကြောင်း ထုတ်ပြန်ချက်အရ ကရင်ပြည်နယ် ဖားအံမြို့ တောင်ကလေး အကျဉ်းထောင်မှ ၅၀၅(က) ဖြင့် တရားစွဲထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၅၄ ဦးအား လွှတ်ပေးသည့်အထဲတွင် ပါ၀င်ကြောင်း သိရသည်။

“တောင်ကလေးက ၅၄ ယောက် လွတ်မယ်လို့တော့ သိရတယ်၊ အဲ့မှာဖားအံသားက ၃ ယောက်ပဲပါလာတယ်၊ အခုလောလောဆယ်တော့ သိရတာ၊ ဖားအံကလေးတွေ တော်တော်ကျန်နေသေးတယ်၊ ထောင်ပြောင်းခံလိုက်ရတဲ့ ဖားအံက ကျောင်းသားတွေတော့ သူတို့ ပြောင်းခံရတဲ့ထောင်တွေက လွတ်စာရင်း ပါမပါတော့ မသိဘူး။ ကျန်တာက အခုလွတ်တာမှာ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီးနဲ့ တခြားနယ်က သူတွေ၊ ကျောင်းဆရာ/ဆရာမတွေ လူငယ်တွေ အခုလွှတ်ပေးတဲ့ စာရင်းထဲမှာ အလွတ်များတယ်”ဟု နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထောင်ချခံထားရသူ ၏ မိသားစု၀င် တစ်ဦးက ပြောသည်။

ယနေ့ နို၀င်ဘာလ ၁၇ရက်နေ့တွင် စစ်ကောင်စီမှ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၅,၇၇၄ ဦး ပြန်လွှတ်ပေးရာတွင် NLD အစိုးရ စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမင်း အပါအ၀င် နိုင်ငံခြားသား ပေါင်း ၄ဦးအား လွတ်ငြိမ်းဖြင့် လွှတ်ပေးသည့် အကျဉ်းသား စာရင်းတွင်ပါ၀င်ပြီး ပြည်တွင်းမှ အနုပညာရှင်နှင့် ထင်ရှားကျော်ကြားသူ ၁၀ ဦး ထက်မနည်း ပါ၀င်သည်ဟု စစ်ကောင်စီသတင်းများအရ သိရသည်။

စစ်အာဏာသိမ်း ဖြစ်စဉ်အပြီး နိုင်ငံရေးလှုပ်ရှား ဆန့်ကျင်မှုများကြောင့် ကရင်ပြည်နယ်အတွင်း မြို့နယ် ၇ ခုမှ မတရား ဖမ်းဆီးထောင်ချခံထားရသူ၊ ဖမ်းဆီးချုပ်နှောင် တရားစွဲခံထားရပြီး တရားရင်ဆိုင်နေရသူနှင့် ဖမ်း၀ရမ်းထုတ်ဆင့်ခံထားရသူပေါင်း ၅၀၀ ၀န်းကျင်ခန့်ရှိနေသည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

လက်ရှိ ဖားအံမြို့ တောင်ကလေး အကျဉ်းထောင်တွင်းနှင့် နယ်ခြားရပ်ခြား အကျဉ်းထောင်များသို့ ထောင်ပြောင်းပို့ဆောင် အကျဉ်းကျခံနေရသူအကျဉ်းသားပေါင်း ၂၀၀ ၀န်းကျင် ခန့်ရှိနေကြောင်း၊ ထိုအထဲမှ ယခုလွတ်ငြိမ်းဖြင့် ၅၄ ဦး လွှတ်ပေးခြင်းဖြစ်ကြောင်း ဖားအံ မြို့နယ် တရားရုံး နီးစပ်သူများထံမှ သိရှိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...