စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွတ်ရှမ်းဒေသခံ ၂,၀၀၀ နီးပါး စစ်ရှောင်နေကြရ

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွတ်ရှမ်းဒေသခံ ၂,၀၀၀ နီးပါး စစ်ရှောင်နေကြရ

KNU -ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ် ကြီး မြို့နယ်) လွတ်ရှမ်းကျေးရွာတွင် ယမန်နေ့နိုဝင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အမြောက်လက်နက်ကြီးများအပြင် စစ်သုံးရဟတ်ယာဉ်များပါ လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံဦးရေ ၂,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြရသည်ဟု ရွာသားများထံမှ သိရသည်။

လွတ်ရှမ်းရွာရှိ စစ်ကောင်စီ၏ ကျူးကျော်စခန်း၌ နယ်ခြားစောင့်တပ် -BGF ၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တို့ ယမန်နေ့ နံနက် ၅ နာရီအချိန်တွင်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် မွန်ပြည်နယ်သံဖြူဇရပ်အမြောက်တပ်ရင်းမှ ၁၂ဝ မမ လက်နက်ကြီးများဖြင့် လွတ်ရှမ်းကျေးရွာထဲသို့ လှမ်းပစ်ခတ်ခဲ့သည့်အပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကလည်း စစ်သုံးရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် လူနေအိမ်များနှင့် ဥယျာဉ်ခြံအများအပြားထိခိုက်ပျက်စီးခဲ့သလို အရပ်သား ပြည်သူ နှစ်ထောင်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဝင်းရော်ဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။

“ မနေ့က နံနက် ၅ နာရီကနေ တစ်နေကုန် ပစ်ခတ်ကြတယ်။ တောင်နောက်ဘက်က လက်နက်ကြီးနဲ့ရော လေယာဉ်နဲ့ရော လာပစ်ကြတာတော့ တစ်ရွာလုံး ပြေးကြရတယ်။ နေတဲ့အိမ်တော့ လက်နက်ကြီးကျလို့ အတော်လေးပျက်စီးသွားတယ်။ ကျေးရွာက ကွမ်းသီးပင်၊ ရာဘာပင်တွေလည်း အများကြီးပျက်စီးတယ်။ စစ်တပ်စခန်းအနီးနဲ့ လမ်းမတစ်လျှောက် ဘယ်သူမှ မနေရဲကြဘူး။ အချို့တော့ ဘုန်းကြီးကျောင်းတွေမှာ စုပြီးခှိုလှုံနေကြရတယ်” ဟု စစ်ရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လွတ်ရှမ်းရွာရှိ စစ်ကောင်စီတပ်စခန်းသည် ယခင်က KNLA တပ်ရင်း ၁၆ ၏ နယ်မြေလုံခြုံရေးစခန်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီတပ်မှ ငြိမ်းချမ်းရေးအကြောင်းပြချက်များဖြင့် ဝင်ရောက်တပ်စွဲနေထိုင်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီပူးပေါင်းတပ်များ လွှတ်ရှမ်း KNLA စခန်းတွင် ဝင်ရောက်အခြေချ တပ်စွဲထားချိန်မှစ၍ ဒေသခံများမှာ အကြောက်တရားများနှင့် နေ့စဉ်သွားလာလုပ်ကိုင် စားသောက်နေကြရပြီး လယ်ယာဥယျာဉ်ခြံများသို့လည်း ပုံမှန်သွားလာလုပ်ကိုင်၍ မရတော့ကြောင်းလည်း ဒေသခံများက ပြောသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...