စကစမှပစ်ခတ်လိုက်သော လက်နက်ကြီးကျည် မောင်တောမြို့နယ် ဂြိတ်ချောင်းမြိုကျေးရွာ ကလေးနားထိုးပွဲထဲကို ကျရောက်ပေါက်ကွဲ၍ လူ ၁၁ ဦးထက်မနည်းသေဆုံး၊ ၃၀ ခန့်ဒဏ်ရာရ

စကစမှပစ်ခတ်လိုက်သော လက်နက်ကြီးကျည် မောင်တောမြို့နယ် ဂြိတ်ချောင်းမြိုကျေးရွာ ကလေးနားထိုးပွဲထဲကို ကျရောက်ပေါက်ကွဲ၍ လူ ၁၁ ဦးထက်မနည်းသေဆုံး၊ ၃၀ ခန့်ဒဏ်ရာရ

မောင်တောမြို့နယ်မှ မြိုလူမျိုးများနေထိုင်သည့်  ဂြိတ်ချောင်းကျေးရွာတွင် ကလေးနားထိုးပွဲ ကျင်းပနေစဉ် ကြိမ်ချောင်း နယ်ခြားစောင့်တပ်က ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရွာသား (၁၁) ဦးထက် မနည်းသေဆုံးပြီး အယောက် (၃၀) ခန့်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ရွာလူကြီးတစ်ဦးက "ပစ်တာက ကြိမ်ချောင်း နခခ(၇) ထဲကပစ်တာပါ။ ကျတာက ကလေးနားထိုးပွဲမှာ ဆိုတော့ လူတွေထိခိုက်သေဆုံးမှုများသွားပါတယ်။  အခု သေတာက အယောက် ၁၁ ယောက်ရှိပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများတော့ အတိအကျတော့မပြောနိုင်သေးဘူး။ ဒဏ်ရာရတာက (၃၀) နီးပါးရှိပါတယ်။ ကြိမ်ချောင်းနဲ့ မောင်တောဆေးရုံတွေကို ပို့ထားကြပါတယ်"ဟု ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ  ကြိမ်ချောင်း နခခ(၇) တပ်ရင်းမှ လူနေကျေးရွာထဲကို တမင်တကာ လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ဂြိတ်ချောင်းကျေးရွာမှ ကလေးနားထိုးပွဲတစ်ခုကို ကျရောက်ကာ ယခုကဲ့သို့ လူပေါင်းများစွာ ထိခိုက်သေဆုံးမှု ရှိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာ လူကြီးတစ်ဦးက ပြောသည်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသည့် လူနာ (၃၀) ခန့်ကို ကြိမ်ချောင်း နှင့် မောင်တောဆေးရုံတို့ကို အသီးသီးပို့ဆောင်ကုသနေရကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် နာရီဝက်ခန့်အကြာ နေ့လယ် (၃) နာရီခန့်တွင် စစ်ကောင်စီတပ်က စစ်ရဟက်ယာဉ် နှစ်စီးဖြင့် ငရံ့ချောင်း နှင့် မဲဇလီချောင်းနားအနီးဝန်းကျင်၊ လက်ပံတောင်ကြောတို့ကို လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

"၃ နာရီလောက် လေယာဉ် နှစ်စီးနဲ့  ငရံ့ချောင်း နဲ့ မဲဇလီချောင်းနားကြားမှာလည်း ပစ်တယ်။ နောက်လက်ပံတောင်ကြောကိုလည်း ပစ်ပါတယ်"ဟု ပြောသည်။

ယနေ့  နေ့လယ် ၁၂ နာရီခန့်ကလည်း ကျောက်တော်မြို့နယ်၊ ကန်စောက်တပ်ရင်း ၅၃၉ နှင့် ဆနွင်းတောင် စစ်ကောင်စီစခန်းက လက်နက်ကြီးများ ပစ်ခတ်၍ ချောင်းတူကျေးရွာမှ ဒေသခံ (၄ ) ဦး ပွဲချင်းပြီးသေဆုံးကာ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...