မောင်တောမြို့နယ်တွင် မြိုလူမျိုးလင်မယား ၂ဦးမိုင်းနင်းမိပြီး ၁ ဦးသေဆုံးကာ ၁ဦးဒဏ်ရာရ

မောင်တောမြို့နယ်တွင် မြိုလူမျိုးလင်မယား ၂ဦးမိုင်းနင်းမိပြီး ၁ ဦးသေဆုံးကာ ၁ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အသက် ၅၀ပိုင်း အရွယ် မြိုလင်မယား ၂ဦး မိုင်းနင်းမိပြီး ၁ဦး သေဆုံးကာ ၁ဦး ဒဏ်ရာရှိသွားသည်ဟု သတင်းရရှိသည်။

မောင်တောမြို့နယ်၊ ဂြိတ်ချောင်းကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၁ရက်၊ ညနေ ၄နာရီခွဲအချိန် ခန့်တွင် မြိုလင်မယား ၂ဦးဖြစ်ကြသည့် ဦးရွှေလောင်(၅၅)နှစ်၊ ဒေါ်မဆာထိုး(၄၅)နှစ်တို့မှာ လယ်ထဲသို့ သွားပြီး တဲထဲသို့အဝင်တွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့မိုင်းနင်းမိ၍ ဇနီးဖြစ်သူ ဒေါ်မဆာထိုး(၄၅)နှစ်တွင် ဘယ်ဖက်ပေါင်တစ်ဖက် ပြတ်တောက်သွားကာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

"သူတို့လင်မယားနှစ်ယောက်က လယ်တောထဲက တဲထဲကိုအဝင်မှာ မိုင်းနင်းမိတာပြီး ပေါက်ကွဲတာ။ နင်းမိတာ ဇနီးဖြစ်တဲ့ ဒေါ်မဆာထိုးနင်းမိပြီးတော့ ဘယ်ဘက်ပေါင် တစ်ဖက်ပြတ်သွားတယ်။ သွေးထွက် လွန်ပြီးတော့ သေသွားတယ်။ ဦးရွှေလောင်မှာတော့ ဒဏ်ရာအနည်းငယ်ပဲရတယ်။ မိုင်းကတော့ ဘယ်အဖွဲ့ကထောင်းထားမှန်းတော့မသိရဘူး" ဟုဂြိတ်ချောင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ  ၂၉ ရက် ညနေ ၃ နာရီခွဲခန့်ကလည်း ရခိုင်ရှေးဟောင်းမြို့ မြောက်ဦးမြို့  ကျောက်ရစ်ကေခွဆုံ၊ မြင်ခုံတန်း ကန်ဘောင်နားရှေ့ မြို့တံတားအနီးတွင် မိုင်နင်းပေါက်ကွဲ၍  ကိုသန်းနိုင်ကျော်(၂၀) သေဆုံးသွားခဲ့သည်။

ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မိုင်းပေါက်ကွဲမှု ထိခိုက်ဒဏ်ရာရရှိသူများ ဆက်တိုက်ရှိခဲ့ပြီး ယခုနှစ်၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏  စာရင်းတွေအရ သိရသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...