ဘုရားဖူးခရီးသည် အရောက်နည်းလာ၍ ကျိုက်ထီးရိုးတောင်ပေါ်မှ အထမ်းသမားများ အခက်အခဲဖြလာ

ဘုရားဖူးခရီးသည် အရောက်နည်းလာ၍ ကျိုက်ထီးရိုးတောင်ပေါ်မှ အထမ်းသမားများ အခက်အခဲဖြလာ
ကျိုက်ထီးရိုးဘုရားတောင်တက်အထမ်းသမားတစ်ဦးကိုတွေ့ရစဉ်။ ဓာတ်ပုံ - CJ
ကျိုက်ထီးရိုးဘုရားတောင်တက်အထမ်းသမားတစ်ဦးကိုတွေ့ရစဉ်။ ဓာတ်ပုံ - CJ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားဒေသ၌ နယ်မြေမတည်ငြိမ်မှုကြောင့် ဘုရားဖူးခရီးသည် လာရောက်မှုနည်းပါးလာသည့်အတွက် တောင်ပေါ်သို့ ပစ္စည်းထမ်းပိုးပေးသည့် ဒေသခံများမှာ အလုပ်အကိုင်ရှားပါးလာပြီး အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်းသိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့မှုအပြင် လက်ရှိတွင်လည်း အထမ်းသမားများကို တောင်ပေါ်တက်ရောက်ခွင့် ကန့်သတ်မှုများကြောင့် အလုပ်လက်မဲ့ဖြစ်နေရသည်ဟု ကင်းမွန်ချောင်းကျေးရွာမှ အထမ်းသမားတစ်ဦးကပြောသည်။

“အခုလ ၃ ရက်နဲ့ ၄ ရက်က အခမဲ့ ဘုရားဖူးအစီအစဉ်လုပ်တော့ တောင်တက်အထမ်းသမားတွေကို ဘုရားပေါ်ကို တက်ခွင့်မပေးတော့ဘူး။ အဲဒီတော့ အလုပ်နားလိုက်ရတယ်”ဟု ကင်းမွန်ချောင်းကျေးရွာမှ တောင်တက်အထမ်းသမားတစ်ဦးက ပြောသည်။

အဆိုပါ ကျိုက်ထီးရိုးဘုရားတောင်ကို အမှီပြုကာ အထမ်းသမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသူများမှာ အနီးအနားရှိ ငှက်ပျောတော၊ ဆောင်နိုင်ကြီး၊ ကင်းမွန် စသည့် အနီးအနားကျေးရွာမျာမှ ဖြစ်ကြကြောင်းလည်း သိရသည်။

ကျိုက်ထီးရိုးဘုရားတွင် ယခင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု မဖြစ်ခင်ကာလက တောင်တက်အထမ်းသမားဦးရေ ၁၀၀ ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိတွင် အထမ်းသမားဦးရေမှာ ၂၀ ခန့်အထိသာ ကျန်ရှိတော့ကြောင်း သိရသည်။

“အခုဆို တောင်ထမ်းအလုပ်သမားတွေက အရမ်းကို ရှားသွားပြီ။ အချို့ဆို အလုပ်ပြောင်းသွားတယ်။ အရင်က တောင်ထမ်းသမားဆိုတာ အနည်းဆုံး တအိမ်ကိုတစ်ယောက် ပုံမှန်တစ်ရာဝန်းကျင် ရှိတာ။ အလုပ်နားတာနဲ့ ထွက်သွားတာနဲ့ အယာက် ၂၀ ဝန်းကျင်လောက်ပဲကျန်တော့တယ်”ဟု ငှက်ပျောတောကျေးရွာမှ တောင်တက်အထမ်းသမားတစ်ဦးက ပြောသည်။

ထိုသို့သော အလုပ်အကိုင်အဆင်မပြေမှုများကြောင့် အထမ်းသမားများမှာ အလုပ်အကိုင်သစ်များရှာဖွေရန် ထိုင်းနိုင်ငံသို့ထွက်ခွာမှု များလာသဖြင့် ကျိုက်ထီးရိုးတောင်ပေါ်တွင် အထမ်းသမားအလုပ်များမှာ ရပ်နားဖွယ်ရှိနေကြောင်းလည်း ကျိုက်ထီးရိုးတောင်တက်ကားဂိတ် တာဝန်ရှိသူများထံမှ သိရသည်။

“အခုအခါမှာ တောင်တက်အထမ်းသမားတွေက အလုပ်ရပ်နားရတာများတော့ ထိုင်းဘက်ကို အလုပ်သွားလုပ်တာ များတယ်။ ပြီးတော့ ကားတွေနဲ့ တက်တာကများလာတော့ ပိုဆိုးသွားတယ်။ အချိန်တစ်ခုကြာရင် တောင်တက်သမားတွေရဲ့ အလုပ်အကိုင်တွေကို အပြီးရပ်နားသွားမယ့်အခြေအနေ ရှိနေပါတယ်”ဟု ၎င်းကပြောသည်။

 

ကျိုက်ထီးရိုးတောင်ခြေ ကင်းမွန်စခန်းမှနေ၍ ကျိုက်ထီးရိုးဘုရားစေတီတော်ရင်ပြင်သို့ တောလမ်းမှတဆင့် တက်ရောက်ကြသည့် ဘုရားဖူးခရီးသည်များအတွက် လူအပါအဝင် ခရီးဆောင်အိတ်၊ အထွေထွေအသုံးအဆောင်ပစ္စည်းများကို တောင်တက် အထမ်းသမားများက အခကြေးငွေယူကာ သယ်ဆောင်ပေးကြခြင်းဖြစ်သည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...